ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - မတ် ၁ဝ
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့ချဉ်းကပ်မှုတွေဟာ အစ္စရေးနိုင်ငံကို အကူအညီဖြစ်ခြင်းထက် ထိခိုက်နစ်နာမှုတွေသာ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးပြောဆိုလိုက်ပါတယ်။
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို သည်းခံမှုကုန်ဆုံးလာနေကြောင်းကို တဖြည်းဖြည်းပြသနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ လပေါင်း ၅ လကျော်ကြာလာချိန်မှာ ပါလက်စတိုင်းပြည်သူ ၃ သောင်းကျော် သေဆုံးထားကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက "အစ္စရေးကို ကာကွယ်ဖို့ နေတန်ရာဟုမှာ အခွင့်အရေးရှိပါတယ်။ ဟားမက်စ်အဖွဲ့ကို ဖြိုခွင်းဖို့ နေတန်ရာဟုမှာ အခွင့်ရေးရှိနေပါတယ်။ ဒါပေမယ့် အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်း အပြစ်မဲ့ပြည်သူတွေကို ထိခိုက်သေဆုံးတာမျိုးမဖြစ်အောင်တော့ လုပ်ဆောင်ရမယ်။ အစ္စရေးရဲ့ဆောင်ရွက်ချက်တွေဟာ နိုင်ငံကို အကူအညီဖြစ်ခြင်းထက် ထိခိုက်မှုတွေ ပိုမိုဖြစ်လာစေတယ်" လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ ဟားမက်စ်အဖွဲ့နဲ့သဘောတူညီမှုမရတဲ့အတွက် ဂါဇာဒေသ တောင်ပိုင်း ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတက "ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို ဘယ်တော့မှစွန့်ခွာမှာ မဟုတ်ဘူး။ အစ္စရေးနိုင်ငံကို ကာကွယ်ပေးခြင်းဟာ အမေရိကန်အတွက်အဓိက အရေးကြီးပါတယ်" လို့ ပြောပါတယ်။
အမေရိကန်ဟာ ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာဖိအားတွေကို ကူညီကာကွယ်ပေးခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ အလားအလာရှိသော နှုတ်ထွက်မှုအတွက် နေတိုးအဖွဲ့က ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း Telegraph ဖော်ပြ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း