အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ စကားစစ်ထိုးပွဲလုပ်ဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်စိန်ခေါ်
ဂျန်ဇက် (NSS) - မတ် ၇
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ Super Tuesday ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်၎င်းရဲ့အဓိကပြိုင်ဘက်ဖြစ်လာဖွယ်ရှိနေတဲ့ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို TV debates လုပ်ဖို့ စိန်ခေါ်လိုက်ကြောင်းသိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်ဖို့ အလားအလာအကောင်းဆုံးဖြစ်နေပြီး သူရဲ့ပြိုင်ဘက်ဖြစ်လာမယ့် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို TV debates လုပ်ဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းဖြစ်လာမယ့်သူနဲ့ အချိန်မရွေး၊နေရာမရွေး၊ TV debates လုပ်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့အွန်လိုင်းက တဆင့် စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတရွေးကောက် ပွဲကိုလာမယ့် နိုဝင်ဘာလအတွင်းကျင်းပဖို့ စီစဉ်ထားပေမယ့်TV debates လုပ်ဆောင်ဖို့ နှစ်ဖက်သဘောတူညီမှုမရသေးကြောင်းသိရပါတယ်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ လာမယ့် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေနဲ့ပတ်သက်ပြီး ရန်ပုံငွေရယူနိုင်အောင် ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "နိုင်ငံအတွက် ကောင်းခြင်းတွေဖြစ်လာဖို့ လိုအပ်တယ်။ ကျွန်တော်ဟာ အမေရိကန် နိုင်ငံသားတွေရင်ဆိုင်နေရတဲ့ အဓိကပြဿနာတွေနဲ့ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန် နဲ့ စကားစစ်ထိုးပွဲတွေလုပ်ဆောင်လိုတယ်"လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲနီးလာချိန်မှာ စစ်တမ်းကောက် ယူမှုတွေလည်း အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး ဒေါ်နယ်ထရမ့်က သမ္မတ ဂျိုးဘိုင်ဒန်ထက် ပိုမိုရေးပန်းစားနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိ ကမ္ဘာကြီးက မျှတမှုမရှိကြောင်း ရုရှားသမ္မတပူတင်ပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ