Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ဖမ်းဆီးအစဖျောက်သည့် NUG ကို စုဖွဲ့တိုင်တန်းသူ ရှိလာသဖြင့် FBI က စုံစမ်းမှု လုပ်ဆောင်ခဲ့

Iris (NSS) - မတ် ၇

NLD ပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို NUG လက်အောက်ခံအဖွဲ့များက ဖမ်းဆီး အစဖျောက်ခဲ့သည့်လုပ်ရပ်နှင့်ပတ်သက်၍ ပြည်တွင်းနေ လွှတ်တော်အမတ်ဟောင်းအချို့က နိုင်ငံတကာသံတမန်များနှင့် အဖွဲ့အစည်းအချို့ထံသို့ တိုင်တန်းလွှာများပေးပို့ထားမှုကြောင့် အမေရိကန် FBI ဘက်ကပါ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင် နေကြောင်း ဖေဖော်ဝါရီလ (၂၈)ရက်အထိ စုံစမ်းထားချက်အရ သတင်းရရှိသည်။


ပျက်ပြယ်ခဲ့ပြီးဖြစ်သော NLD ပါတီ၏ ဒီပဲယင်း လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ဒီပဲ ယင်းမြို့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ မူးကမ်းကြီးကျေးရွာအနီးတွင် NUG ၏ ဒီပဲယင်းမြို့နယ် ပကဖ လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ၂၀၂၃ ခုနှစ် ဇွန်လ(၈)ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ညီဖြစ်သူ ထောင်ကျနေသော ရွှေဘိုအကျဉ်းထောင်သို့ ထောင်ဝင်စာတွေ့ရန်အတွက် ရန်ကုန်မှတစ်ဆင့် တိတ်တ ဆိတ်သွားရောက်ခဲ့စဉ် ယင်းကဲ့သို့ NUG လက်အောက်ခံအဖွဲ့များ၏ ဖမ်းဆီးအစဖျောက်မှု ခံရခြင်း လည်းဖြစ်သည်။ "အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ UN အစရှိတဲ့ သံရုံးတွေရဲ့တာဝန်ခံတွေဆီကို အီးမေးလ် ကနေတစ် ဆင့်ဆက်သွယ်ပြီး စာပို့ထားတယ်။ မြန်မာ နိုင်ငံမှာ ရုံးစိုက်တဲ့ အာဆီယံသံရုံးတွေ အကုန်လုံးကိုပါ ပို့ထား တယ်။ အာဆီယံဥက္ကဋ္ဌရုံးကိုပါ စာပို့ထားတယ်။ ဆွစ်ဇာလန်နဲ့ ဩဇီ သံရုံးဆိုရင် လက်ခံရရှိကြောင်း စာပြန်ခဲ့တယ်။ ပြည်တွင်းနေ NLD လွှတ်တော် အမတ်ဟောင်းအချို့က စုပေါင်းလက်မှတ်ရေးထိုးပြီး တိုင်တန်းအသိပေးတာမျိုးပါ"ဟု စာရေးသားပေးပို့ခဲ့ သည့် အဖွဲ့ထဲမှတစ်ဦးက The Statesman ဂျာနယ်ကို ပြော သည်။ ပေးပို့ခဲ့သောစာထဲတွင် လွှတ်တော် အမတ်ဟောင်းတစ်ဦးဖြစ်သူ ဦးဝင်းမြင့်အောင်ကို NUG လက်အောက်ခံအဖွဲ့များက ဖမ်းဆီးထားသည်မှာ တစ်နှစ်နီးပါးရှိလာသည့်တိုင် သက်ရှိထင်ရှား ရှိမရှိကိုပင် အတိအလင်းမသိနိုင်တော့သည်အထိ အစဖျောက်ခြင်းခံထားရကြောင်း၊ ဖမ်းဆီးချိန်တွင် ဥပဒေကြောင်းအရ မည်သည့်အထောက်အထားမှ ပြသနိုင်ခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်ဆန်ဆန် လူ့ကျင့်ဝတ်သိက္ခာကင်းမဲ့စွာ ပြုမှုခံခဲ့ရကြောင်း၊ ဖမ်းဆီးရခြင်းအကြောင်းပြချက်မှာ နစကနှင့် ပူးပေါင်းဆောင်ရွက်သည်ဆိုသော အချက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်ကြိုးစားခြင်းသည် နစကကို အားပေးကူညီခြင်းဖြစ်သည်ဟု ဆီလျော်မှုမရှိစွာ အ ကြောင်းပြထားကြောင်း စသည့်အချက်များ ပါဝင် သည်ဟုသိရသည်။

ဦးဝင်းမြင့်အောင်၏ ကိုယ်ရေးအချက်အလက် အဖြစ် ထည့်သွင်းဖော်ပြထားချက်များတွင် NLD ပါတီ၏သန္ဓေပါတီဝင်တစ်ဦးဖြစ်ပြီး ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ တို့တွင် ဒီပဲယင်းမြို့နယ်အတွက် ရွေးကောက် ခံကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် ကြောင်း၊ ဦးဝင်းမြင့်အောင်ကို နစက စစ်တပ်က ပင်လျှင် လူ့အခွင့်အရေးနှင့်အညီ ပြုမူခဲ့သော်လည်း NUG ဘက်ကမူ ကုလသမဂ္ဂ၏ လူ့ကျင့်ဝတ်သိက္ခာ ဆိုင်ရာ သတ်မှတ်ချက်ဥပဒေ ပုဒ်မ (၃၊ ၅၊ ၆၊ ၇၊ ၉၊ ၁၀) တို့ကို ချိုးဖောက်ထားကြောင်း သိရှိစေရန် တိုင် တန်းအပ်ပါသည်ဟု ထည့်သွင်းရေးသားထားကြောင်း သိရသည်။  "အမေရိကန်ဘက်က ရှေ့နေတစ်ဦးက ကူညီပေးတဲ့အနေနဲ့ သေသေချာချာ စာရေးပြီးပို့ တယ်။ အဲဒီမှာ FBI ဘက်ကလည်း အမေရိကန်ရောက် NLD ပါတီဝင်တစ်ဦးကို ဒီစာတွေအကြောင်းလာမေးတယ်တဲ့။ ပစ်စာလားတိုင်စာလားပေါ့။ ပါတီဝင်ဘက်ကလည်း ပြန်ပြောတာက တိုင်စာပါလို့ ပြောခဲ့တယ်။ FBI ဘက်က ထပ်မေးတာက မြန်မာနိုင်ငံထဲက ပါတီဝင်တွေကကော တိုင်တန်းစာတွေ ဘာ တွေ ရေးတာရှိလားလို့မေးတယ်။ ရှိတယ်လို့လည်း ဒီဘက်က ပြန်ပြောလိုက်တယ်။ သူတို့ ဆက်စုံစမ်း လို့တော့ပြောတယ်"ဟု သတင်းရင်းမြစ်က ဆက် လက်ပြောကြားသည်။ ဦးဝင်းမြင့်အောင်ကို NUG ဘက်တော်သားများက ဖမ်းဆီးအစဖျောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံမှ လွှတ်တော်အမတ် အချို့ကလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလမတိုင်မီ အထိ သေချာစွာသိရှိခဲ့ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံမှ လွှတ်တော် အမတ်ဟောင်းအချို့က ထောက်ပြပြော ဆိုခဲ့သည့် အချိန်မှသာသိရှိခဲ့ကြပြီး သတင်းဌာနများ စွာ၏ ဖော်ပြချက်များကို စုစည်းကောက်နုတ်သုံးသပ် နေကြကြောင်း ပြန်လည်ကြားသိရသည်။ NUG ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကိုယ် တိုင်ကလည်း"ကျွန်တော်တို့ MOD လက်အောက်ခံ ပကဖအဖွဲ့ကနေ ဖမ်းဆီးခဲ့ပြီးတော့ သူ့ကို ပလဖ အဖွဲ့ (ပြည်သူ့လုံခြုံရေး)ကို လွှဲပြောင်းပေးထားပြီး ဖြစ်ပါတယ်။ အဲဒါကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆက်လက်ပြီး စစ်ဆေးစရာရှိတာတွေကို စစ်ဆေး နေပါတယ်။ သူ့ကို တိုင်ကြားထားတဲ့ တိုင်ကြားချက်တွေလည်းရှိတော့ လိုအပ်တာတွေကို စစ်ဆေးမေးမြန်းပြီးတာနဲ့ အပြစ်ရှိတယ်ဆိုရင်လည်း ဥပဒေ အတိုင်း ဆက်လက်အရေးယူတာတွေ လုပ်သွားမယ်။ အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေးသွားမှာပါ။ သိပ်မကြာခင် သိရတော့မှာပါ"ဟု ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ပြည်ပြေးသတင်းဌာနအချို့ထံ အတည်ပြုထားဖူးသည်။ 

သို့သော်လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက် စုစုပေါင်း (၈)လ ကျော်လာသည်အထိ ဦးဝင်းမြင့်အောင်ကို မည်သည့်နေရာတွင်မှ မြင် တွေ့ရခြင်းမရှိတော့ပေ။ မိသားစုနှင့်နီးစပ်သည့် သတင်းရင်းမြစ်အချို့ထံ စုံစမ်းမေးမြန်းထားချက်အရ ဦးဝင်းမြင့်အောင်၏ ဇနီးဖြစ်သူမှာလည်း ရန်ကုန်ရှိ နေအိမ်မှ ဦးဝင်းမြင့်အောင် ထွက်သွားကတည်းက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်နေရကြောင်း၊ ဦးဝင်းမြင့်အောင်အား NUG အဖွဲ့ဘက်က တရား လက်လွတ်သတ်ဖြတ်ပစ်လိုက်ပြီဟု သတင်းများသာ ပြန်လည်ကြားသိနေရကြောင်း ဆိုသည်။ NLD ပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင် အနေဖြင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒဖြစ်သော လက်နက်မကိုင်၊ အကြမ်းမဖက် သည့် နိုင်ငံရေးလမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းမည်ဟု ခံယူချက်ရှိထားသူဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနယ်စပ်တစ်လျှောက် သံဆူးကြိုးကာရံမည့် နယူးဒေလီ၏ စီမံကိန်းအပေါ် နာဂရွာများ စိုးရိမ်နေ (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved