Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်ကို ကူညီဖို့ အမှန်တကယ် ကတိပြုထားကြောင်း တရုတ်သံအမတ်ကြီးပြော

Htay Oung (NSS) - မတ် ၇


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ တရုတ်နိုင်ငံက အမှန်တကယ် ကတိထားတယ်လို့ ဒါကာထရိုင်ဗြွန်းသတင်းအေဂျင်စီကို လာရောက်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယိုဝမ်က ပြောပါတယ်။ 


တရုတ်သံအမတ်ကြီးနဲ့အဖွဲ့ဟာ သတင်းဌာန ရုံးခန်းမှာ အယ်ဒီတာ၊ အကြီးတန်းဂျာနယ်လစ်များနဲ့ လာရောက် တွေ့ဆုံပါတယ်။ နှစ်တစ်ထောင်ကျော်ကြာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံခဲ့တဲ့ နှစ်နိုင်ငံပြည်သူများအကြား နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ဆက်ဆံရေးကို သံအမတ်ကြီးက မီးမောင်းထိုးပြပြီး အပြန်အလှန်လေးစားမှု၊ တန်းတူ ညီမျှမှု နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေခံမူများကို အလေးပေးပြောဆိုပါတယ်။


ဒါကာမြို့မှာ တစ်နှစ်နှင့် နှစ်လကြာ တာဝန်ထမ်းဆောင်ခဲ့မှုအတွေ့အကြုံကို ပြန်လည်သုံးသပ်တဲ့အခါ ဘင်္ဂလားဒေ့ရှ်ပြည်သူတို့က တရုတ်တို့အပေါ် နွေးထွေးစွာ ဧည့်ဝတ်ကျေပွန်ခဲ့ကြောင်း အမှတ်တရဖြစ်စေခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။


သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေရာတော်တော်များများကို သွားရောက်လည်ပတ်ခဲ့ကြောင်း၊ အောက်ခြေပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ကဏ္ဍအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့ခွင့်ရရှိခဲ့ကြောင်း တရုတ် နိုင်ငံနဲ့ တရုတ်လူမျိုးတို့အပေါ် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ပွင့်လင်းရိုးသားတဲ့ချစ်ခြင်းမေတ္တာတွေကို အများဆုံး မြင်တွေ့ခဲ့ရကြောင်း၊ လူထုအသိအမြင်မှာ နှစ်နိုင်ငံဆက်ဆံရေးရဲ့အခြေခံအုတ်မြစ်ဖြစ်သလို အနာဂတ်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အကြီးမားဆုံး ယုံကြည်မှုလည်း ဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ တောင်အာရှ တိုင်းပြည်များအနက် “ရပ်ဝန်းနှင့် လမ်းစီမံကိန်း” (BRI) မှာ ပါဝင်ခဲ့တဲ့ ပထမဆုံးသောနိုင်ငံဖြစ်ကြောင်း ထောက်ပြပြီး BRI ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်တာ ကာလအတွင်း အမြစ်တွယ်လာပြီး ရွှေဘင်္ဂလားပင်လယ်အော်အဖြစ် သီးပွင့်လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှာ အကြွင်းမဲ့ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် မြင်တွေ့လာခဲ့ကြောင်း၊  ဒါကာမြို့တော်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုလိုဖြစ်နေပြီး နေ့စဉ်နှင့်အမျှ ပရောဂျက်အသစ်များဖြင့် တက်ကြွလန်းဆန်းလျက်ရှိကြောင်း၊ လွန်ခဲ့တဲ့နှစ်များအတွင်း ပြီးစီး (သို့မဟုတ်) စတင်လုပ်ဆောင်ခဲ့တဲ့ စီမံကိန်း ၁၄ ခု ကို တရုတ်အစိုးရက ကူညီဆောက်လုပ် ပံ့ပိုးပေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တဲ့အလားအလာရှိကြောင်း သံအမတ်ကြီး ယိုဝမ်က အကျယ်တဝံ့ ပြောပြပါတယ်။


ဒါကာထရိုင်ဗြွန်း အယ်ဒီတာ ဇာဖာ_ဆိုဟန်းကလည်း နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရန် လိုအပ်ကြောင်းကို အလေးပေးတုံ့ပြန်ပြောဆိုပြီး ခရီးသွားလုပ်ငန်းရဲ့အလားအလာများကို နှစ်နိုင်ငံ စလုံးက စူးစမ်းလေ့လာဖို့ အကြံပြုပါတယ်။ 


ဒါကာနဲ့ ပေကျင်းကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေကို မကြာခင် စတင်တော့မယ်လို့ သံအမတ်ကြီးက ပြန်လည်ဖြေဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့စီးပွားရေးတိုးတက်မှုနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ချီးကျူးလိုက်ပြီး ပြည်သူ အချင်းချင်း အပြန်အလှန်သင်ယူခြင်းဖြင့် အတူတကွ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။


ဘင်္ဂလားဒေ့ရှ်မှာ မြန်နှုန်းမြင့် မီးရထားကွန်ရက်တစ်ခု ထူထောင်ရန် အယ်ဒီတာက ဆက်လက်အကြံပြုခဲ့ပြီး၊ ဒါကာ နဲ့ မိုင် ၃ဝဝ ကျော်ဝေးတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ပြည်တွင်းဒေသရယ်လို့ မရှိကြောင်း၊ (စုစုပေါင်း) မိုင် ၆၀၀ ကျော်အ ကွာအဝေးအထိ နှစ်နေရာထက် ပိုမရှိကြောင်း၊ မြို့တော်ကို ဗဟိုထားပြီး ပြည်တွင်းဒေသအသီးသီးနဲ့ ချိတ်ဆက်ရန် စိတ်ကူးမိကြောင်း၊ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး မီးရထားလမ်းကွန်ရက်များကို ဖောက်လုပ်နေတဲ့ အတွက်လုပ်ကိုင်ဖို့ အရမ်းလွယ်ကူပါကြောင်း အယ်ဒီတာက တိုက်တွန်းပါတယ်။


တရုတ်ကြွေးမြီ ထောင်ချောက်အကြောင်း အယ်ဒီတာက မေးမြန်းတဲ့အခါ အဲဒီစကားတွေဟာ အနောက်အုပ်စုရဲ့ (မလိုတမာ) ဝါဒဖြန့်မှုသာဖြစ်ကြောင်း၊ တရုတ်ချေးငွေများဟာ ဘင်္ဂလားဒေ့ရှ်က ရရှိနေတဲ့ နိုင်ငံခြားချေးငွေ အားလုံးရဲ့ ၇ ရာခိုင်နှုန်းသာရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အပြင် ဂျပန်နိုင်ငံတို့မှလည်း အဓိက ချေးငွေများ ရရှိနေကြောင်း တရုတ်သံအမတ်ကြီးက ပြောပါတယ်။


ဆက်လက်ပြီး အနာဂတ်မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။


(ဒါကာမြို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အလယ်ဗဟိုမှာ တည်ရှိပြီး တောင်ဘက်အဆုံး မြန်မာနယ်စပ် ကော့ခ်ဘဇားမြို့ နဲ့ ကုန်းလမ်းခရီး ၂၄၄ မိုင်သာ ကွာဝေးပါတယ်။

တရုတ်နိုင်ငံရဲ့ ဥရောပတိုင်းပြည်များသို့ ကမ္ဘာ့အရှေ့အနောက်ဖြတ်သန်းဆက်သွယ်မယ့် RBI စီမံကိန်းမှာ တောင်ဘက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ၂ နေရာရှိနေပါတယ်။ တစ်နည်းအားဖြင့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းဖို့အတွက် တရုတ်-ပါကစ္စတန် စီးပွားရေး စကြံန်လမ်း (CPEC) ဟာ အနောက်ပိုင်း ရှင်းကျန့်ဒေသ ကက်ရှ်ဂါမြို့မှ ပါကစ္စတန် အာရေဗျပင်လယ် ဂွာဒါရေနက်ဆိပ်ကမ်းအထိ ဖောက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ 


၁၈၀၀ မိုင်ကျော် ရှည်လျှားပြီး ဆက်လက်တည်ဆောက်ဆဲမှာပဲ အခက်အခဲများနဲ့ ရင်ဆိုင်နေရပါတယ်။ ပထမဆုံး စိန်ခေါ်မှုက CPEC စင်္ကြန်လမ်းဟာ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသကို ဖြတ်သန်းနေပြီး ပိုင်ဆိုင်မှု အငြင်းပွားဆဲမှာ အိန္ဒိယနိုင်ငံရဲ့အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကို ထိပါးခြင်းအဖြစ် နယူးဒေလီက ကန့်ကွက်နေပါ တယ်။ ဒုတိယအချက်ကတော့ စင်္ကြန်လမ်းရဲ့အစိတ်အပိုင်းအတော်များများဟာ တရုတ်ဆန့်ကျင်ရေး လက်နက်ကိုင် အစ္စလာမ်မစ် စစ်သွေးကြွများ မင်းမူနေတဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေခြင်း ဖြစ်ပါတယ်။ စီးပွားရေး ချွတ်ခြုံကျနေတဲ့ ပါကစ္စတန်ဟာ ပြည်တွင်းပြည်ပ စုစုပေါင်း ဒေါ်လာ ၂၈ ဘီလျံ အကြွေး တင်နေပါတယ်။ ပြည်ပကြွေးမြီ စုစုပေါင်းရဲ့ ၃ဝ ရာခိုင်နှုန်းဟာ တရုတ်ဘဏ်များထံမှ ချေးယူထားခြင်းဖြစ်ပြီး စင်္ကြန်လမ်းအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများ မလာရောက်ခြင်းကြောင့် ဘဏ္ဍာရေး အကျပ်အတည်းဖြစ်နေရပါ တယ်။


ဒီအတွက် CPEC စီမံကိန်းကို ဖျက်သိမ်းရန် ပါကစ္စတန်က တောင်းဆိုထားပြီး ၂၀၂၂ ခုနှစ် သြဂုတ်လမှာ ဝန်ကြီးချုပ် နဝဖ်_ရှာရစ်ဖ်က ဖျက်သိမ်းရန် မူအားဖြင့် သဘောတူထားပါတယ်။


BRI မှ ဖြာထွက်လာတဲ့ စီးပွားရေးစင်္ကြန်လမ်း စုစုပေါင်း ၆ ခုရှိပါတယ်။ ပေကျင်းရဲ့မလက္ကာရေလက်ကြား ရှောင်ကွင်း အခြားအိန္ဒိယသမုဒ္ဒရာထွက်ပေါက် တစ်ခုက တရုတ်-မြန်မာစီးပွားရေးစင်္ကလြမ်းဖြစ်ပါတယ်။ ယူနန်-မူဆယ်-မန္တလေး- ရခိုင်ပြည်နယ် ကျောက်ဖြူ အတိုင်း လက်ရှိ တရုတ်-မြန်မာ ရေနံပိုက်လိုင်းနဲ့ အပြိုင် ဖြစ်ဖွယ်ရှိပြီး မီးရထားလမ်းနဲ့ ကားလမ်းတို့ ပါဝင်ပါလိမ့်မယ်။ အကြီးဆုံးဆောက်လုပ်ရေးပရော့ဂျက်ဟာ ဒေါ်လာ ၉ ဘီလျံကုန်ကျမယ့် မူဆယ်-မန္တလေး မီးရထားလမ်းဖြစ်ပြီး ယူနန်ပြည်နယ် ရွှေလီမြို့ တရုတ်မီးရထားလမ်းနဲ့ ချိတ်ဆက်ပါလိမ့်မယ်။ လမ်းကြောင်းရဲ့ အဆုံးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အထူးစီးပွားရေးဇုန်ဖြစ်ပါတယ်။ 


တရုတ်ရဲ့ မြန်မာပြည်တွင်းဖြတ်သန်းမယ့် အခြားစီးပွားရေး စင်္ကြန်တစ်ခုလည်း ရှိနေပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ BCIM စီးပွားရေးစင်္ကြန်လမ်းဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းဟာ တရုတ်ယူနန် ပြည်နယ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်တို့ကိုဆက်သွယ်မယ့် လမ်းကြောင်းဖြစ်ပါတယ်။ ဒေသတွင်း လူဦးရေ သန်းပေါင်း ၄၄၀ ကို လွှမ်းခြုံမယ့် အဲဒီစီမံကိန်းဟာ တရုတ်နဲ့ အိန္ဒိယအကြား ဆက်ဆံရေး တစ်နေ့တခြား ယိုယွင်းလာခြင်းကြောင့် မှေးမှိန်နေပါတယ်။


၂၀၁၅ ခုနှစ် သမ္မတ ရှီကျင့်ဖျင် အဆိုပြုခဲ့တဲ့ BRI မှာ တရုတ်-ပါကစ္စတန်စင်္ကြန်လမ်းကြောင့် ကန့်ကွက်နေတဲ့ အိန္ဒိယဟာ BCIM ကိုလည်း သပိတ်မှောက်နေပါတယ်။ ၂၀၁၉-ခုနှစ် BCIM ကို BRI မှ ဖယ်ထုတ်ကြောင်း ကြေညာပြီးမှသာလျှင် ရပ်ဝန်းနှင့် လမ်းများစီမံကိန်း ထိပ်သီးဆွေးနွေးပွဲများမှာ နယူးဒေလီက ပြန်လည် တက်ရောက်ပါတယ်။


BCIM ဟာ တရုတ်အတွက် စစ်ရေး စီးပွားရေးမဟာဗျူဟာကို အကြီးအကျယ် အားဖြည့်ပေးနိုင်ပါတယ်။ မြန်မာ အနေနဲ့ အဲဒီကိစ္စမှာ တွေဝေနေလျှင် ပေကျင်းအနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး သူ့သြဇာခံမြန်မာတိုင်းရင်းသား လက်နက်ကိုင်များနဲ့ စင်္ကြန်လမ်းတလျှောက် နယ်မြေစိုးမိုးမှု ဖန်တီးမှသာလျှင် ဖြစ်နိုင်ပါလိမ့်မယ်။


ဒါပေမယ့် ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံ အကျုံးဝင်ပြီး ၂၉ နိုင်ငံခန့်က ရင်းနှီးမြှုပ်နှံမယ့် ဧရာမ မဟာစီမံကိန်းကြီးမှာ ပွင့်လင်းမြင်သာမှုက အလွန်အရေးကြီးပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြန်မာမူးယစ်ဆေးဝါးလက်နက်ကိုင်အုပ်စု များကို ပေါ်ပေါ်ထင်ထင် ပွဲထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီအတွက် “ကောင်းတော့ လချောင်း၊ မောတော့ ဝှေးစေ့” ဆို သလို သမိုင်းအမည်းစက်အစွန်းအထင်း ခံပေးမယ့်သူတော့ ရှိရပါလိမ့်မယ်။ ။ သတင်းဘာသာပြန်သူ)


#ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ_တရုတ်သံအမတ်ကြီး #တရုတ်_ပါကစ္စတန်စီးပွားရေးစင်္ကြန် #BRI #CPEC #တရုတ်_မြန်မာစီးပွားရေးစင်္ကြန် #CPEC #BCIM 


(Dhaka Tribune., 5 March 2024,” Envoy: China is truly committed to help Bangladesh” နှင့် အခြား ဆက်စပ်အကြောင်းအရာများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗီဇာလျှောက်ထားသူများထံမှ သံရုံးဝန်ထမ်းအယောင်ဆောင်ကာ ငွေကြေးများ ဖျား‌ယောင်းရယူမှုရှိနေကြောင်း ထိုင်းသံရုံး သတိပေး

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved