နိုဝင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ထိပ်တိုက်တွေ့ဖို့သေချာလာသည့် ဘိုင်ဒင်နှင့် ထရမ့်
ALynn (NSS) - မတ် ၆
သမ္မတဘိုင်ဒင်နှင့် ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီ ၅ ရက် (အင်္ဂါနေ့) က ကျင်းပခဲ့သော ပဏာမ မဲဆွယ်ပွဲတွင် ၎င်းတို့၏ ပါတီတွင်းရှိ ပြိုင်ဖက်များကို အနိုင်ရဖို့ သေချာသလောက်ရှိလာပြီး နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံဖို့ အလားအလာရှိနေပြီဖြစ်သည်။
ဘိုင်ဒင်နှင့် ထရမ့်တို့သည် Texas၊ Alabama၊ Colorado၊ Maine၊ Oklahoma၊ Virginia၊ North Carolina၊ Tennessee၊ Arkansas၊ Minnesota နှင့် Massachusetts ပြည်နယ်များတွင် အသီးသီး အနိုင်ရရှိထားကြပြီ ဖြစ်သည်။ ထို့ပြင် ဘိုင်ဒင်သည် Vermont နှင့် Iowa ပြည်နယ်များတွင် ကျင်းပခဲ့သည့် ဒီမိုကရက်တစ်ပါတီ အကြိုကိုယ်စားလှယ်ရွေးကောက်ပွဲများတွင်လည်း အနိုင်ရရှိပြီးဖြစ်သည်။
ထရမ့်၏ ပါတီတွင်း အဓိကပြိုင်ဖက်ဖြစ်သည့် နစ်ကီဟာလေးသည် ကနဦးပိုင်းက ထရမ့်နှင့် မဲရလဒ်များ များများ စားစားကွာခြားခဲ့ခြင်းမရှိပေ။ သို့သော် ထရမ့်၏ Virginia နှင့် Maine ပြည်နယ်များတွင် အနိုင်ရရှိမှုသည် ၎င်းတို့နှစ်ဦးကြား မဲရလဒ်ကို ကွာခြားသွားစေသည်။ ထရမ့်နှင့် ဘိုင်ဒင်တို့သည် ၎င်းတို့ပါတီများ၏ သမ္မတလောင်း အဖြစ် တရားဝင်အမည်စာရင်းတွင် ပါဝင်လာရန် ပြည်နယ်များတွင် အနိုင်ရရှိရုံဖြင့် မလုံလောက်သေးပါ။ သို့သော် အသက် ၈၁ နှစ်အရွယ် ဘိုင်ဒင် နှင့် ၇၇ နှစ်အရွယ် ထရမ့်တို့နှစ်ဦးစလုံးသည် အရွယ်အားဖြင့် အားနည်းချက်များ ရှိနေပြီး လူကြိုက်များရေပန်းစားမှုနည်းသော်လည်း ၎င်းတို့၏ သက်ဆိုင်ရာပါတီများကို ဆက်လက်လွှမ်းမိုးထား နိုင်သည်။
လူအများ၏ အာရုံတွင် သမ္မတရွေးကောက်ပွဲက ကြီးစိုးနေသော်လည်း လက်ရှိတွင် မြို့တော်ဝန် ရွေးကောက်ပွဲများ လည်းရှိနေသည်။ ပါတီနှစ်ရပ်လုံးက အပြင်းအထန် အကြိတ်အနယ်ယှဉ်ပြိုင်ရသော မြောက်ကာရိုလိုင်းပြည်နယ် မြို့တော်ဝန် ရွေးကောက်ပွဲသည် အရေးပါသော ရွေးကောက်ပွဲတစ်ခုဖြစ်လာသည်။ ထရမ့်နှင့် ဘိုင်ဒင်တို့၏ ပါတီအသီးသီးသည် မတ်လ ၁၂ ရက်နှင့် မတ်လ ၁၉ ရက်တို့တွင် အစောဆုံး ဆန်ကာတင် အမည်စာရင်း ထုတ်ပြန် နိုင်ချေရှိသည်။ ဘိုင်ဒင် နှင့် ထရမ့်တို့သည် ယခုမဲဆွယ်ပွဲများမတိုင်ခင် ပြီးခဲ့သည့်အပတ်က အမေရိကန်-မက္ကဆီကို နယ်စပ်အရေးကိစ္စနှင့်ပတ်သက်၍ အပြိုင်အဆိုင်ငြင်းခုံမှုများဖြင့် အားသာချက်ရရန် ဖန်တီးခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၆ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ