၂၀၃၀ ပြည့်နှစ်မှစ ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာ တစ်ခါသုံးပလတ်စတစ်တွေ အသုံးပြုခွင့် တားမြစ် ပိတ်ပင်ဖို့ EU ပြင်ဆင်နေ
ရောင်နီ (NSS) - မတ် ၆
EU ရဲ့ ၂၇ နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ ၂ဝ၃ဝ ခုနှစ်မှာ ၂၀၁၈ ခုနှစ်နဲ့ယှဉ်ရင် ပလက်စတစ်စွန့်ပစ် အမှိုက် ငါးရာခိုင်နှုန်း ဖြတ်တောက်ပစ်ဖို့ မတ်လ ၄ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။
ရည်ရွယ်ချက်ကတော့ ၂ဝ၃၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း၊ ၂၀၄၀ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ပဲဖြစ်ပါတယ်။ ၎င်းဟာ အဖွဲ့ရဲ့ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များပြည့်မီအောင် ကူညီပေးတဲ့ Green Deal အောက် EU ရဲ့ သဘာဝပတ်ဝန်းကျင်ရည်မှန်းချက်တွေရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ညီမျှတဲ့ ကတ်ထူပြား (သို့မဟုတ်) သစ်ပင်များမှ ထွက်တဲ့ စက္ကူများထက် ပလတ်စတစ် အသုံးပြုမှုက ပိုများနေတာကြောင့် EU အဖွဲ့က အမြန်စားအစာလုပ်ငန်းကြီးများ၊ စက္ကူလုပ်ငန်းများနဲ့ ပူးပေါင်းပြီး အခုလို ဆွေးနွေးခဲ့ကြတာပါ။
၂ဝ၃ဝ ပြည့်နှစ်မှ စတင်မယ့် တစ်ခါသုံး ပလတ်စတစ်ထုပ်ပိုးမှုတားမြစ်ချက်ဟာ လတ်ဆတ်တဲ့ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကွန်ဒိန်ချဉ်၊ သကြားစတဲ့ ထုတ်ကုန်တွေမှာ သယ်ပိုးဖို့ ပလက်စတစ် အသုံးပြုမှုကို တက်နိုင်သလောက် လျှော့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
"သဘာဝပတ်ဝန်းကျင်ဥပဒေအရ EU ဟာ ဘယ်လိုပစ္စည်းပဲဖြစ်ဖြစ် ပလက်စတစ် ထုပ်ပိုးသုံးစွဲမှု လျှော့ချဖို့ ပစ်မှတ် တွေကို ချမှတ်နေပါတယ်” လို့ EU ဥပဒေပြုအမတ် မစ္စဖရက်ဒရီရိုက်က ပြောကြားခဲ့ပါတယ်။
အချိုရည်နဲ့ အစားအသောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေကတော့ ၂၀၃၀ ပြည့်နှစ်ကစ ၎င်းတို့ ထုတ်ကုန်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုနိုင်တဲ့ထုပ်ပိုးမှုတွေနဲ့ အစားထိုးဖို့ ကြိုးပမ်းရမှာဖြစ်ပြီး စားသုံးသူတွေကိုလည်း ထုတ်ပိုးမှုနဲ့ပတ်သက်ပြီး ရွေးချယ်ခွင့်ပေးသင့်တယ်လို့ အီးယူပါလီမန်က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေး ခါးပိုက်ဆောင် တပ် တစ်ဖြစ်လဲ ဥပဒေမဲ့ ရာဇဝတ်ဂိုဏ်းများက မြို့တော်၏ ၉၀ ရာနှုန်းကို စိုးမိုးထားသည့် တိုင်းပြည် (ဆောင်းပါး)
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း