Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံရေး ခါးပိုက်ဆောင် တပ် တစ်ဖြစ်လဲ ဥပဒေမဲ့ ရာဇဝတ်ဂိုဏ်းများက မြို့တော်၏ ၉၀ ရာနှုန်းကို စိုးမိုးထားသည့် တိုင်းပြည် (ဆောင်းပါး)

Htay Oung (NSS) - မတ် ၆

ဟေတီနိုင်ငံမှာ နာမည်ကြီး ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဝန်ကြီးချုပ် အေရီရယ် ဟင်နရီကိုဖြုတ်ချမယ်လို့ကြုံးဝါးနေခိုက် အကျဉ်း ထောင် ၂ ခုမှာ ဖောက်ထွင်းမှုဖြစ်ပေါ်ပြီး အကျဉ်း သား ၄၀ဝ၀ ကျော် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲဒီနောက် ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ဆက်သွယ်ရေးစနစ်တွေပျက် စီးကုန်ပါတယ်။ ဒီအတွက် ဟေတီမှာ နိုင်ငံတော်အ ရေးပေါ်အခြေအနေကြေညာလိုက်တယ်လို့ ဖောက်စ် နယူးစ်သတင်းအေဂျင်စီက ယမန်နေ့ကရေးသားပါ တယ်။


တရားဥပဒေစိုးမိုးရေး ပြန်လည်တည် ဆောက်ဖို့အတွက် နိုင်ငံအနောက်ပိုင်းဒေသတွေမှာ ၇၂ နာရီကြာသတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ပြဋ္ဌာန်းလိုက်တယ်လို့ ဟေတီအစိုးရရဲ့သ တင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ညနေ ၆ နာရီမှ မနက် ၅ နာရီအတွင်း အပြင်မထွက်ရအမိန့်ကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ တ ရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေ၊ လူနာတင်ယာဉ်မောင်းတွေ၊ ကျန်းမာရေးဝန်ထမ်း တွေနဲ့ တရားဝင်သတင်းထောက်တွေအနေနဲ့က တော့ ညမထွက်ရအမိန့်ကို လိုက်နာဖို့မလိုအပ်ဘူး လို့ဆိုပါတယ်။

နိုင်ငံရဲ့အကြီးဆုံးအကျဉ်းထောင်တစ်ခု အပါအဝင် အကျဉ်းထောင်နှစ်ခုမှာ ထောင်ဖောက် မှုတွေဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့တစ်နေ့လုံး ပို့ အောပရင့်စ်မြို့မှာ မယုံနိုင်လောက်အောင် အကြမ်း ဖက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ မြို့တော်နေရာအနှံ့အပြားမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပြီး ဆက်သွယ်သွားလာမှုတွေ တုံ့ဆိုင်းသွားတဲ့အတွက် ခုလို အရေးပေါ်အမိန့်ကို ထုတ်ပြန်လိုက်ရကြောင်း သိရှိရပါတယ်။ 

ဟေတီဟာ တောင်နဲ့မြောက်အမေရိကန် တိုက်နှစ်ခုအကြား ကာရေဘီယန်ပင်လယ် ဂရိတ် တား အင်တီလက်ဇ်ကျွန်းရဲ့ အနောက်ခြမ်းမှာတည်ရှိပြီး အရှေ့ခြမ်းဟာ ဒိုမီနီကန်သမ္မတနိုင်ငံဖြစ်ပါတယ်။ ပြင်သစ်ဘာသာစကားပြော လူဦးရေ ၁၁ သန်းရှိတဲ့ အတွက် ကာရေဗီယန်ဒေသမှာ လူနေအများဆုံး တိုင်းပြည်လို့ ဆိုနိုင်ပါတယ်။ အတိတ်ကာလ စပိန်ကို လိုနီဖြစ်ခဲ့ဖူးပေမယ့် ၁၈ ရာစု ပြင်သစ်တို့လက်ထက် ကြံစိုက်ပျိုးဖို့အတွက် အာဖရိကလူမည်းတွေကို ကျွန် အဖြစ် အများအပြားခေါ်သွင်းခဲ့ရာမှ လူဖြူတွေ၊ မူလ တောင်အမေရိကနွယ်ဖွားဌာနေ တိုင်းရင်းသားတွေ ထက် လူမည်းဦးရေက ၁၀ ဆကျော် ပိုမိုများပြားသွား ခဲ့ပါတယ်။ 


ဟေတီဟာ ပါလီမန်ဒီမိုကရေစီတိုင်းပြည်  ဖြစ်ပေမယ့် ပြန်ပေးဆွဲခြင်း၊ ရာဇဝတ်မှုခင်း ထူပြော ခြင်း၊ ရပ်ရွာမငြိမ်သက်မှုများအပြင် ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းတဲ့အတွက် နိုင်ငံကို အများဆုံး အကူအညီပေးနေတဲ့ အမေရိကန်ကိုယ်တိုင်ပင်လျှင် မဖြစ်မနေကိစ္စရပ်မှတစ်ပါး မလိုအပ်ဘဲ ခရီးမသွား သင့်တဲ့ တိုင်းပြည်စာရင်းသွင်းခံထားရပါတယ်။ မကြာခဏ မုန်တိုင်းဒဏ်သင့်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင် ခြင်းတို့ဟာ တစ်လှည့်စီခြိမ်းခြောက်နေပြီး ကာရေဘီ ယန်ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေရပါတယ်။ 

ဟေတီရဲ့ လက်နက်ကိုင်အကြမ်းဖက် ယဉ်ကျေးမှုဟာ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ဟေ တီအာဏာရှင် ဖန်ဆွာဒူဗယ်လီယေလက်ထက် အတိုက်အခံများကိုနှိမ်နင်းဖို့ နိုင်ငံဝန်ထမ်းမဟုတ်သူ များကို ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့စည်းရာမှ စတင်ခဲ့ပါတယ်။ နောက်ပိုင်း ဩဇာကြီးထွားလာသူတို့က လက်နက်ဖြုတ်သိမ်းမခံဘဲ လက်ယာစွန်း ကာကွယ် ရေးအဖွဲ့များအဖြစ် ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ နိုင်ငံရေးသမားအသီးသီးတို့ကလည်း မိမိတို့အကျိုး စီးပွားကိုကာကွယ်ရန်၊ ရွေးကောက်ပွဲများကို ခြယ် လှယ်ရန်နဲ့ လူထုမငြိမ်သက်မှုများကိုနှိမ်နင်းရန် အကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့များကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ နောက်ပိုင်းမှာ ရဲနဲ့စစ်တပ်ကိုဂရုမစိုက်တဲ့ စစ်သွေးကြွ ရာဇဝတ်ဂိုဏ်းတွေဖြစ်သွားကြပြီး ၂၀၂၃ ခုနှစ် ပို့အော ပရင့်စ်မြို့တော် ၉၀%ကျော်ကို ဂိုဏ်းအုပ်စုကြီး ၂ ခု ကထိန်းချုပ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဟေတီတစ် နိုင်ငံလုံးမှာ ရာဇဝတ်ဂိုဏ်းပေါင်း ၂၀ဝ ခန့်ရှိမှာ ဖြစ်ပြီး ဂိုဏ်းအုပ်စုကြီးနှစ်ခုကလည်း မြို့တော်မှာ ဗိုလ်လုနေကြပါသေးတယ်။

၂၀၂၁ ခုနှစ် သမ္မတ ဂျိုဗန်နိုင် မွိုင်ဆက်စ် လုပ်ကြံခံရပြီးနောက် အသက် ၇၄ နှစ်အရွယ် ဦး နှောက်နှင့် အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီး အေရီ ယယ်ဟင်နရီက ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝဖန် ယူခဲ့ပါတယ်။ အဲဒီနောက် သမ္မတ မွိုင်ဆက်စ် လုပ်ကြံသတ်ဖြတ်ဖော်ထုတ်ရေးအစီအစဉ်မှာ ပူးပေါင်းကူညီ ရန်ငြင်းဆိုတဲ့အတွက် ကျူးလွန်ရာမှာ ဟင်နရီကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခြင်းခံရပါတယ်။

“ဘာဘီကျူး” အမည်ရှိ ချာဇီယာနဲ့ ရာဇဝတ်ဂိုဏ်းတွေကို ကမ္ဘာ့ကုလသမဂ္ဂနဲ့ အမေရိကန် တို့က ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းထားပါတယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ ကင်ညာဦး ဆောင်တဲ့ အင်အား ၁၀ဝ၀ ကျော်ပါ နိုင်ငံတကာ လုံခြုံရေးနဲ့ ထောက်ပံ့ကူညီရေးတပ်ဖွဲ့ကိုလည်း စေ လွှတ်ခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်ဟာ နှစ်နိုင်ငံ အကြား သဘောတူစာချုပ်မရှိတဲ့အတွက် တရားမ ဝင်ကြောင်း ဟေတီတရားလွှတ်တော်ချုပ်ကဆုံးဖြတ်တဲ့အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည် ရုပ်သိမ်းသွားရပါတယ်။ အမေရိကန်က ဒေါ်လာသန်း ၁၀ဝ ထောက်ပံ့ခဲ့တဲ့အစီအစဉ်ဟာ ကာလရှည် စီးပွားရေး ချွတ်ခြုံကျနေပြီး လက်နက်ကိုင်ယဉ်ကျေးမှု အမြစ်တွယ်နေတဲ့တိုင်းပြည်မှာ တစ်ခဏလောက် သာ တည်ငြိမ်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။

ရာဇဝတ်ဂိုဏ်းများကိုနှိမ်နင်းရေး ထပ်မံအကူအညီတောင်းဖို့ ကင်ညာနိုင်ငံကို ဟင်နရီအ လည်အပတ်သွားရောက်နေခိုက် ဝန်ကြီးချုပ်ကိုဖြုတ်ချပစ်မယ်လို့ ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျင်မီချာ ဇီယာကပြောဆိုပြီးနောက် မကြာသေးမီရက်များ အတွင်း ပို့အောပရင့်စ်မြို့တော်မှာ ပြင်းထန်တဲ့ သေ နတ်ပစ်ခတ်မှုတွေ တုန်လှုပ်ဖွယ် ဖြစ်ပွားခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် ဂျင်မီချာဇီယာဟာ မြို့တော် အခြေစိုက် ရာဇဝတ်ဂိုဏ်းပေါင်း တစ်ဒါဇင်ကျော်တို့ မဟာမိတ်ဖွဲ့ထားတဲ့ ွၤျ၆၉ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ် ပြီး မြို့တော်ဧရိယာအတွင်း အစုအပုံလိုက် သတ်ဖြတ် တွေမှာ တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ် ပါတယ်။ ဟေတီကို ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ဝ၀ စေလွှတ်ရန် ဟင်နရီနဲ့ကင်ညာ ခေါင်းဆောင်တို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ 

ပို့အောပရင့်စ်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂိုဏ်းအုပ်စုကြီး ၂ ခုပါဝင်တဲ့ သုံးပွင့်ဆိုင်တိုက်ပွဲဟာ ရက်အတန်ကြာဖြစ်ပွားနေခဲ့ပြီး စနေနေ့ညမှာ လက် နက်ကိုင်အုပ်စုတို့က နိုင်ငံရဲ့ အကြီးဆုံးအကျဉ်း ထောင်ကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ အကူအညီ တောင်းခံနေရင်း ရဲတပ်ဖွဲ့ဝင်တွေက ကြံ့ကြံ့ခံနေခဲ့ တယ်လို့ဆိုပေမယ့် တနင်္ဂနွေနေ့ ရိုက်တာသတင်း ထောက် မြင်တွေ့ခဲ့ရတဲ့ ဟေတီအမျိုးသား အကျဉ်း ထောင်မှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှအရိပ်အယောင်မတွေ့ရဘဲ ထောင်မိန်းတံခါးကြီး လည်း ဟင်းလင်းပွင့်နေပါတယ်။ 

အပြန်အလှန်သေနတ်ပစ်မှုတွေဖြစ်ပွား နေခိုက် အိပ်ပျော်နေသူ အကျဉ်းသားတစ်ဦးဟာ ထောင်အတွင်းမှာကျန်ရှိနေပြီး အချုပ်ခန်းအတား အဆီးတွေ ကျိုးပေါက်ပျက်စီးကုန်ကြောင်း တွေ့ရှိရ ပါတယ်။ အကျဉ်းသားဦးရေ ဘယ်လောက်များများ ထွက်ပြေးခဲ့ကြောင်း မသိရသေးပါဘူး။ ဟေတီအ ကျဉ်းဌာနနဲ့နီးစပ်သူ သတင်းရင်းမြစ်တွေရဲ့အဆိုအရ အများစုအားလုံး ထွက်ပြေးကုန်ကြဖွယ်ရှိပါတယ်။ အ ကျဉ်းသား ၇၀ဝ ဆံ့ရန် ရည်ရွယ်တည်ဆောက်ထားတဲ့ အဲဒီအကျဉ်းထောင်မှာ ယမန်နှစ် ဖေဖော်ဝါရီလ အထိ လူပေါင်း ၃၆၈၇ ဦးကို ထိန်းသိမ်းထားတယ်လို့ ဟေတီအမျိုးသား လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့  RNDDH  က ဆိုပါတယ်။

ပစ်ခတ်မှုများကြားမှာ သိမ်းကျုံးအသတ်ခံ ရမှာကိုကြောက်ရွံ့ပြီး အချုပ်ခန်းအတွင်း ဆန္ဒအ လျောက်နေရစ်ခဲ့သူ ၉၉ ဦးရှိတယ်လို့ စေတနာ့ဝန်ထမ်း အကျဉ်းရဲဘက်တစ်ဦးက တနင်္ဂနွေနေ့မှာ ပြော ပြပါတယ်။ အဲဒီအထဲမှာ သမ္မတ ဂျိုဗန်နိုင်မွိုင်ဆက် လုပ်ကြံခံရမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ အကျဉ်းချခံထား ရသူ ကိုလံဘီယာနိုင်ငံသား ကြေးစားစစ်သား အတော်များများနဲ့ ဒုစရိုက်သမားတွေ ပါဝင်နေပါ တယ်။ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွား တဲ့သတင်းဟာ ဟေတီတစ်နိုင်ငံလုံးသာမက အိမ်နီး ချင်း ဒိုမီနီကန်သမ္မတနိုင်ငံနဲ့ ကာရေဘီယန် ဒေသ တွင်းနိုင်ငံတွေမှာပါ ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြပြီး လုံခြုံရေးအတွက် အရေးပေါ်ပြင်ဆင်နေကြပါတယ်။

ထွက်ပြေးဖို့ကြိုးပမ်းစဉ်သေဆုံးတဲ့ အကျဉ်းသားသုံးဦးကို ရုပ်အလောင်းတွေအဖြစ် အကျဉ်း ထောင်ဝင်းအတွင်း တနင်္ဂနွေနေ့မှာတွေ့ရှိရပါတယ်။ ဝန်ကြီးချုပ်မရှိချိန် အကြမ်းဖက်မှုတွေတိုးမြင့်လာပြီး ကလေးတွေကိုကျောင်းမလွှတ်ဖို့ ချာဇီယာက ဒေသခံ တွေကိုသတိပေးခဲ့ပါတယ်။ လက်နက်ကိုင်အားလုံး တို့အနေနဲ့ (စစ်အာဏာရှင်)ဟင်နရီအစိုးရကို အတူ ပူးပေါင်းပြီးဖြုတ်ချကြဖို့ ဂိုဏ်းခေါင်းဆောင် ချာဇီယာ ကတိုက်တွန်းထားပါတယ်။ နိုင်ငံရဲ့ အဓိက ကွန်တိန် နာဆိပ်ကမ်းကို မီးတင်ရှို့လိုက်ကြပြီး လမ်းမကြီး တွေ တစ်လျှောက် အတားအဆီးတွေကို မီးရှို့ထားကြပါတယ်။

ယခုရက်တွေအတွင်း လူပေါင်း ၁၅၀ဝ၀ နီးပါးကို အတင်းအဓမ္မ နေအိမ်များမှ ထွက်ခွာခိုင်း ခဲ့တဲ့အတွက် လူသူမရှိ ဗလာဟင်းလင်းဖြစ်သွားရတဲ့ နေရာ ၁၀ နေရာရှိတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေ ထိုင်သူများဆိုင်ရာ အဖွဲ့ (IOM) က ပြောပါတယ်။ ကြံခင်းများကို မီးရှို့ဖျက်ဆီးခြင်းအားဖြင့် ဟေတီ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခမှာ ရမ်အရက်ချက် လုပ်ငန်းဟာ နောက်ဆုံးသားကောင် ဖြစ်လာတယ်လို့ ဒေသတွင်း မီဒီယာတွေက ရေးသားကြပါတယ်။ 

နိုင်ငံရဲ့ နောက်ဆုံးသမ္မတဖြစ်သူ လုပ်ကြံခံ ရပြီး ၂၀၂၁ ခုနှစ်မှာ အာဏာရရှိလာခဲ့တဲ့ ဝန်ကြီးချုပ် ဟင်နရီဟာ အစောဆုံး ဖေဖော်ဝါရီမှာ ရာထူးမှနုတ် ထွက်ပေးပါ့မယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ် လာစေဖို့အတွက် ပထမဦးဆုံး လုံခြုံရေးတည်ငြိမ်ရေး ကို ပြန်လည်ထူထောင်ရမယ်လို့ ဆိုပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီသယ်ယာဉ်တစ်စီး ဘီးပေါက်၍ တိမ်းမှောက်မီးလောင်ခဲ့ရာ ဆီဂါလံ(၉၀၀၀)နီးပါး ဆုံးရှုံး

RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved