နာမည်ကြီး ဖူဂျီတောင်တက်လမ်းကြောင်း Yoshida Trail ကို အသုံးပြုတဲ့ တောင်တက်သမားများ အခကြေးငွေ ၁၃ ဒေါ်လာ ပေးဆောင်ရမည်
ရောင်နီ (NSS) - မတ် ၆
ဂျပန်နိုင်ငံရဲ့ အထင်ကရ ဖူဂျီတောင်ကို တက်ဖို့ တောင်တက်သမားတွေ အများဆုံး အသုံးပြုကြတဲ့ Yoshida Trail လမ်းကြောင်းအတွက် လမ်းအသုံးပြုစရိတ်ကို ဇူလိုင်လမှ စတင် တောင်တက်သမားတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၃ နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေဖို့နဲ့ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်စေဖို့အတွက်လည်း နံပါတ်တွေကို ကန့်သတ်သွားမယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ (မတ် ၅)မှာ ပြောကြားခဲ့ပါတယ်။ ကိုဗစ် အလွန်မှာ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ကို တက်ရောက်မယ့် လူအုပ်ကြီး တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသလို ဇူလိုင်မှ စက်တင်ဘာလအထိ တောင်တက်ကာလတစ်ခုကို ခရီးသွား ၂၂၀,၀၀၀ ကျော်ထိ ဆွဲဆောင်လျက် ရှိပါတယ်။ အခုအစီအစဉ်ကတော့ ဇူလိုင် ၁ ရက်မှစ အသက်ဝင်မှာဖြစ်ပြီး Yoshida Trail လမ်းကြောင်းမှ တက်ဖို့ လူတစ်ဦးကို ဝင်ကြေး ယန်း ၂၀၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ) ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တိုကျိုမှ ရထားနဲ့ လွယ်လွယ်ကူကူသွားလာနိုင်တဲ့ Yoshida Trail ဟာ အားလပ်ရက် အပန်းဖြေခရီးထွက်သူများ အတွက် အကြိုက်ဆုံး ရွေးချယ်မှုဖြစ်ပြီး၊ တောင်တက်သမား ၆၀ ရာခိုင်နှုန်းခန့်က အဲဒီလမ်းကြောင်းကို ရွေးချယ်ကြ တယ်လို့ တရားဝင်အချက်အလက်များအရ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၃၀ ပြည့်နှစ်မှစ ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာ တစ်ခါသုံးပလတ်စတစ်တွေ အသုံးပြုခွင့် တားမြစ် ပိတ်ပင်ဖို့ EU ပြင်ဆင်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ