Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားက အမေရိကန်ရဲ့စစ်ရေးသြဇာလွှမ်းမိုးမှုတွေကို အကြီးမားဆုံးစိန်ခေါ်နေတဲ့နိုင်ငံဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော

ဂျန်ဇက် (NSS) - မတ်လ ၃

ရုရှားဟာ အမေရိကန်ရဲ့စစ်ရေးသြဇာလွှမ်းမိုးမှုတွေကို အကြီးမားဆုံးစိန်ခေါ်နိုင်စွမ်းရှိနေတဲ့နိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံအနေနဲ့ ၎င်းရဲ့နျူကလီးယားတပ်ဖွဲ့များကို ပိုမိုခေတ်မီအောင်လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း အမေရိကန် လေတပ်တပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အန်တိုနီ ကော်တွန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


ရုရှားဟာ နျူကလီးယားလက်နက်အများအပြားပိုင်ဆိုင်ထားပြီး အဲဒီလက်နက်တွေကို ပိုမိုခေတ်မီအောင် လုပ်ဆောင်နေကြောင်း အမေရိကန်လေတပ် ဗိုလ်ချုပ်က ပြောပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေကို စိန်ခေါ်နိုင်ဖို့ ၎င်းတို့ရဲ့ရပ်တည်ချက်တွေကို လျင်မြန်စွာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း ရုရှား၊ တရုတ်နိုင်ငံတို့ရဲ့အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်နဲ့နှိုင်းယှဉ်ရင် ပိုမိုလျင်မြန်စွာ တိုးတက်လာနေကြောင်း အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး အန်တိုနီ ကော်တွန်က ပြောပါတယ်။ 

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ၎င်းတို့ရဲ့ ရုရှားနျူကလီးယားတပ်ဖွဲ့တွေကို အလုံးစုံခေတ်မီ တိုးတက်အောင်လုပ်ဆောင်မယ်လို့ပြောဆိုခဲ့ဖူးတယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီး ကော်တွန်က ဆိုပါတယ်။ ၎င်းက "ရုရှားဟာ လက်ရှိအချိန်မှာ ကမ္ဘာနိုင်ငံတွေထဲ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်နေ တယ်" လို့ ပြောပါတယ်။ 

ရုရှားဟာ လက်ရှိအချိန်မှာ ဆာမတ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေကို တင်ဆောင် ပစ်ခတ်နိုင်စွမ်းရှိတဲ့ရေငုပ်သင်္ဘောအသစ်တွေ ပိုင်ဆိုင်ထားကြောင်း ၎င်းက ဆိုပါတယ်။ အဆိုပါ ဆာမတ် တိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည်ဟာ အကွာအဝေးမိုင်ပေါင်း ၁၁ဝဝဝ ကျော်ကို ရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိပြီး ဒုံးကျည်ထိပ်ဖူး မှာလည်း ပေါက်ကွဲစေတဲ့ပစ္စည်း တန်နဲ့ချီပြီး တင်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ နျူကလီးယားလက်နက်အများဆုံး ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးနေရာတွေက ရပ်တည်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝတ်စလစ် အကမယ်ဖျော်ဖြေမှုကြောင့် နေပြည်တော်ရှိ အရက်ဘားတစ်ခု တစ်လဆိုင်ပိတ်သိမ်း

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved