လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုကူညီထောက်ပံ့ပေးဖို့ ယူကရိန်းသမ္မတဇီလန်စကီး ထပ်မံတောင်းဆို
ဂျန်ဇက် (NSS) - မတ် ၃
ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများအနေနဲ့ ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုကူညီထောက်ပံ့ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းနိုင်ငံဘက်ခြမ်းကို အမြှောက်တွေ၊ ဒရုန်းတွေနဲ့အရှိန်မြင့်တိုက်ခိုက်လာခဲ့ ပြီးနောက် ယူကရိန်းက အခုလိုမျိုးတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း အရပ်သား အနည်းဆုံး ၁ဝ ဦး သေဆုံးခဲ့ရကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတက "ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိမှန်သေဆုံးတာတွေရှိနေတယ်။ ကျွန်တော် တို့ဟာ မိတ်ဖက်နိုင်ငံတွေထံကနေ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုလိုအပ်နေတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေကနေ ယူကရိန်းပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့၊ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ် တွေ ပိုမိုကောင်းမွန်စေဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုလိုအပ်နေပါတယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆ဝ ဘီလျံကူညီပေးဖို့ စီစဉ်ထား ပေမယ့် လွှတ်တော်အတွင်း အကြိတ်အနှယ်ဆွေးနွေးရဆဲဖြစ်ပြီး နှောင့်နေးမှုများရှိနေကြောင်း သိရပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် အိုဒီဆာမြို့မှာလည်း ၉ ထပ်တိုက်အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ အဲဒီတိုက်ခိုက်မှုအတွင်း ယူကရိန်းပြည်သူ အနည်းဆုံး ၇ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်ကျော်လာပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် နေတိုးအဖွဲ့ဝင် နိုင်ငံများကြား ယူကရိန်းကို ဆက်လက်ကူညီထောက်ပံ့ပေးရေးနဲ့ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်ကာ နိုင်ငံအချို့ က ဆက်လက်ကူညီပေးလိုခြင်းမရှိကြောင်းသတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီမျိုးစုံ ဂါလံ သိန်း ၃ဝ ကျော်ရှိပြီး စိုးရိမ်စရာမလိုကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သော်လည်း ဆီဆိုင်များတွင် တန်းစီနေရ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ