နွေဦးတော်လှန်ရေးတွင် မပါဝင်သော လုပ်ငန်းရှင်များ၊ ကုန်သည်များကို တာဝန်မယူဟု Chauk Guerrilla Force ခြိမ်းခြောက်
သုတကျော် (NSS) - မတ် ၂
နွေဦးတော်လှန်ရေးတွင် မပါဝင်သော လုပ်ငန်းရှင်များ၊ ကုန်သည်များကို တာဝန်မယူကြောင်း Chauk Guerrilla Force က ထုတ်ပြန်ထားသည့် စာတစ်စောင်တွင် ခြိမ်းခြောက်ရေးသားထားသည်ကို တွေ့မြင်ရသည်။
Chauk Guerrilla Force က ၎င်းတို့၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် မတ်လ ၁ ရက် သောကြာနေ့က ချောက်မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများထံသို့ အကူညီတောင်းခံခြင်းဟု ခေါင်းစဉ်တပ် ထုတ်ပြန်သော စာ အတွင်း အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
ချောက်မြို့ပေါ်ရှိ ကုန်သည်၊ ပွဲစား၊ လုပ်ငန်းရှင်သူဋ္ဌေးသူကြွယ်များ နှင့် မြို့မိ၊ မြို့ဖ များထံသို့ Chauk Guerrilla Force (CGF) ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ မှ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ရန် လိုအပ်နေသောလက်နက်ခဲယမ်းများကို ဝယ်ယူနိုင်ရန်အတွက် လာရောက်ဆက်သွယ် လှူဒါန်းပေးရန် အထူးအလေးအနက်ထား အကူအညီတောင်းခံသည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။
လှူဒါန်းသော အလှူရှင်များ၏ လုံခြုံရေးကိုလည်း ၎င်းတို့ အဖွဲ့ဘက်က အပြည့်အဝ လုံးဝ တာဝန်ယူကြောင်း နှင့် နွေဦးတော်လှန်ရေးအောင်မြင်သည့်အချိန်တွင် အလှူရှင်များဘက်မှ ၎င်းတို့အဖွဲ့က ရပ်တည်ပေးမည်ဟုလည်း ရေးသားထားသည်ကို တွေ့ရမြင်ရသည်။
ယင်း စာအတွင်းမှာပင် ပြည်သူနှင့်အတူ မရပ်တည်သော၊ နွေဦးတော်လှန်ရေးတွင် မပါဝင်သော လုပ်ငန်းရှင်၊ ကုန်သည်၊ ပွဲစား၊ သူဋ္ဌေးသူကြွယ်များကိုလည်း တာဝန်ယူမည်မဟုတ်ဟု ၎င်းတို့အဖွဲ့က တပါတည်း ထည့်သွင်းရေးသားခြိမ်းခြောက်ထားခြင်းဖြစ်သည်။
Chauk Guerrilla Force မှ တာဝန်ခံဖြစ်သူ ဘကွန်းက လာရောက်ဆက်သွယ်မှုကိုလည်း အထူးအလေးထား လှူဒါန်းပေးရန် တိုက်တွန်းသည်ဟု ဖော်ပြရေးသားထားခြင်းဖြစ်သည်။
အဆိုပါ စာထုတ်ပြန်သည့် လူမှုကွန်ယက်ပို့စ်အောက်တွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက “ကြမ်းလှချည်လား” ဟု မှတ်ချက်ပေးထားရာ အဆိုပါမှတ်ချက်၏အောက်တွင် Chauk Guerrilla Force က “နားမလည်တဲ့သူတွေကို နားလည် (အောင်) ပြောတာပါဗျာ။ တစ်ချို့က နားမလည်ကြဘူးလေ” ဟု ပြန်လည်မှတ်ချက်ပေး ရေးသားထားသည်ကို တွေ့မြင်ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်ကို ဂရုစိုက်ကြရန် အကြားအမြင်လောကီ ပညာရှင်တစ်ဦး အကြံပြု
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ