တရုတ်နှင့် ရုရှားထံ အမေရိကန်၏အချက်အလက်များ စီးဆင်းနေခြင်းအား သမ္မတဘိုင်ဒင် နှိမ်နင်း
ALynn (NSS) - ဖေဖော်ဝါရီ ၂၉
ဖေဖော်ဝါရီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) က သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် အမျိုးသားလုံခြုံရေးနှင့်စပ်လျဉ်းသည့် အမေရိကန်နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို တရုတ်နိုင်ငံထံ လွှဲပြောင်းခြင်းမပြုရန် အမိန့်ချမှတ်လိုက်သည်။
၎င်းအချက်အလက်များတွင် အမေရိကန်နိုင်ငံသားတို့၏ တည်နေရာအချက်အလက်၊ ကိုယ်ရေးအချက်အလက်၊ ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာအချက်အလက်များပါဝင်ပြီး ၎င်းတို့ကို တရုတ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား နှင့် ဗင်နီဇွဲလားနိုင်ငံများသို့ ပေးပို့ခြင်းမပြုရန်ညွှန်ကြားထားသည်။
အဆိုပါညွှန်ကြားချက်သည် အမေရိကန်နိုင်ငံသားများ၏ အချက်အလက်များ BGI ကဲ့သို့ တရုတ်မျိုးရိုးဗီဇ ကုမ္ပဏီကြီးများသို့ ရောက်ရှိသွားပြီး အချက်အလက်များပေါက်ကြားသွားမည့်အခြေအနေကို စိုးရိမ်သည့်အတွက် ကြောင့် ထုတ်ပြန်ခြင်းဖြစ်သည်။
အမေရိကန်သည် ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာကဏ္ဍတို့တွင် တရုတ်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်နေရ သည့်အားလျော်စွာ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များစီးဆင်းမှုကို ဟန့်တားဖို့ ကြိုးပမ်းလျက်ရှိနေသည်။ ထို့ကြောင့် ကွန်ဂရက်စ်သည် အစိုးရအေဂျင်စီများအား တရုတ်ကုမ္ပဏီ များဖြစ်သည့် BGI၊ Wuxi APPTEC တို့နှင့် စာချုပ်ချုပ်ဆိုခြင်းများ မပြုရန် တားမြစ်ထားသည်။ ယခု လကပင် BGI အုပ်စုက ၎င်းတို့သည် ပုဂ္ဂိုလ်ရေးအချက် အလက်များကို လျှို့ဝှက်ထားပြီး လူနာတို့၏ မျိုးရိုးဗီဇနမူနာများနှင့် အချက်အလက်များကို ကောက်ယူခြင်းမပြု ကြောင်း ဖော်ပြခဲ့သည်။
၂ဝ၂၁ ခုနှစ်က Reuters သတင်းဌာန၏ဖော်ပြချက်အရ BGI သည် တရုတ်စစ်တပ်နှင့်ပူးပေါင်း၍ အမျိုးသမီး သန်းပေါင်းများစွာထံမှ မျိုးရိုးဗီဇအချက်အလက်များကောက်ခံခဲ့ပြီး ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ချက်များကို ပြုလုပ်ခဲ့ကြသည်။
အကြီးတန်းအရာရှိများ၏ ဖော်ပြချက်အရ တရုတ်နှင့်ရုရှားတို့သည် သတင်းပွဲစားများထံမှ အမေရိကန်၏ လျှို့ဝှက် အချက်အလက်များကို ဝယ်ယူနေကြောင်း သိရသည်။ ဘိုင်ဒင်၏အမိန့်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် စားသုံးသူကာကွယ်ရေးဗျူရိုက အမေရိကန်၏အချက်အလက်များကို သတင်းပွဲစားများအနေဖြင့် နိုင်ငံတကာသို့ ရောင်းချခြင်းမပြုနိုင်ရန် စည်းမျဉ်းများချမှတ်၍ ကန့်သတ်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။
Duke တက္ကသိုလ်မှ သုတေသနတစ်ခုအရ အွန်လိုင်းတွင် စစ်သည်များနှင့် စစ်မှုထမ်းများ၏ မှတ်တမ်းတစ်ခုလျှင် ၁၂ ဆင့်ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း ဖော်ပြထားပြီး ယင်းမှာ မသမာသူတို့၏ အမြတ်ထုတ်ခြင်းခံရနိုင်သည့် အန္တရာယ်များရှိနေကြောင်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့(ဖေဖော်ဝါရီလ ၂၉ ရက်) အတွက် ထူးခြားသတင်းများ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ