ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ပန်ကာမော်တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး
စော (NSS) - ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ပန်ကာမော်တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၂၉ ရက်)၊ နံနက် (၈)နာရီဝန်းကျင်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၁၈)ရပ်ကွက်၊ ကျွန်းရွှေမြိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မီးသတ်စခန်းထံမှ သိရသည်။
“ပန်ကာမော်တာအပူလွန်ကဲရာမှ မီးလောင်တာပါ။ ပန်ကာဘေးမှာ ဆိုဖာစတီလေးရှိတယ်။ ဆိုဖာစတီပေါ် မီးပွားကျရာကနေ တစ်ဆင့် မီးလောင်တာပါ။ သူက ပေ ၄၀x၆၀ မှာ သုံးအိမ်ခွဲထားတယ်။ အဲဒီ သုံးအိမ်လုံးလောင်သွားပါတယ်”ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မီးလောင်မှုအား Level – 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၈)နာရီ(၃၄)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ မီးလောင်မှုကြောင့် နေအိမ် (၃)လုံး မီးလောင်ပျက်စီး ဆုံးရှုံးသွားသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ၊ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင်လည်း ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၂၀)ရပ်ကွက်၊ အောင်ဗောဓိလမ်းတွင် ဓာတ်တိုင်ရှိ မီးကြိုးများ မီးလောင်မှုဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ဥက္ကလာပမြို့နယ်တွင် တွဲကားနှင့်စက်ဘီးတို့ တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ