မြောက်ဥက္ကလာပမြို့နယ်တွင် တွဲကားနှင့်စက်ဘီးတို့ တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် တွဲကားနှင့်စက်ဘီးတို့တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ထာဝရအလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်) ၊ မွန်းလွဲ ၃နာရီခွဲအချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းမ(ဌ)ကျောင်းလမ်း မှတ်တိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တွဲကားကလာတာကို သူကလမ်းဆုံကနေ ဘက်ထရီဘီးနဲ့ဖြတ်တက်တာ။ အဲဒီမှာ တွဲကားရှေ့ကိုဖြတ်ဝင်သလိုဖြစ်ပြီး တက်ကြိတ်မိတာ”ဟု ထာရအလင်းတန်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၂၁)နှစ်အရွယ် မအိအိငြိမ်းတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူအမျိုး သမီး၏ ရုပ်အလောင်းကို ထာဝရအလင်းတန်းပရဟိတအသင်းမှ မြောက်ဥက္ကလာပမြို့နယ် မေဓာဝီ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားက ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာအမျိုးသား/သမီး လုပ်သား ၃,၃၇၀ ကျော်ခေါ်ယူသွားမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ