Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်လယ်နီအတွင်း တိုက်ပွဲများပြင်းထန်နေလျက်ရှိပြီး ယီမင်ရှိ ဟူသီစခန်းများကို အမေရိကန်နှင့် ယူကေတို့ ဗုံးကြဲချ

ALynn (NP News) - ဖေ‌ဖော်ဝါရီ ၂၅

အမေရိကန်နှင့် ယူကေတို့၏ ဖေဖော်ဝါရီလ ၂၄ ရက် (စနေနေ့) ပူးတွဲထုတ်ပြန်ချက်၌ ယီမင်ရှိ ဟူသီတို့၏ စခန်း ၁၈ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ 


ဇန်နဝါရီလ ၁၂ ရက် ကတည်းက စတင်ခဲ့သည့် အမေရိကန်နှင့် ယူကေတို့၏ စစ်ဆင်ရေးသည် ယခုဆိုလျှင် ၄ ကြိမ်မြောက်ရှိပြီဖြစ်သည်။ ပူးတွဲစစ်ဆင် ရေးများအပြင် အမေရိကန်သည် ဟူသီတို့၏ ပစ်မှတ်များကို နေ့စဉ်တိုက် ခိုက်ခြင်းများလည်း ပြုလုပ်လျက်ရှိသည်။ ထိုသို့ အဆက်မပြတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်သော်လည်း ဟူသီတို့အား ဟန့်တားနိုင်ခြင်းမရှိဘဲ ရေကြောင်းကုန်သွယ်ရေးစရိတ်များကိုသာ တိုးလာစေသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးက “အီရန်တို့ ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီစစ်သွေးကြွတွေကို ရှင်းလင်းမှဖြစ်မည်ဆိုကြောင်း၊ သို့မဟုတ်လျှင် ဟူသီတွေရဲ့တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းရဲ့စီးပွားရေး၊ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်စေသလို ယီမင်နဲ့အခြားနိုင်ငံတွေကို အထောက်အပံ့တွေပေးပို့ရာမှာလည်း အနှောင့်အယှက်ဖြစ်စေကြောင်း”ဟု ဖော်ပြခဲ့သည်။ 

ဟူသီတို့အားတိုက်ခိုက်ရန် ဩစတေးလျ၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နယူးဇီလန်တို့ကလည်း ထောက်ခံပေးထားသည်။ ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက “၎င်းတို့သည် အမေရိကန် နှင့် ယူကေ၏ စစ်ဆင်ရေး များကို ကြံ့ကြံ့ခံတုံ့ပြန်လျက်ရှိကြောင်း နှင့် ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းလူမျိုးများအပေါ် အင်အားသုံးတိုက်ခိုက်နေခြင်းများကို ရပ်တန့်မှသာ ၎င်းတို့ဘက်ကလည်း ပင်လယ်နီအတွင်း စစ်ဆင်ရေးများကို ရပ်တန့်ပေးမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။ 

AP သတင်းဌာန၏ ဖော်ပြချက်အရ နိုဝင်ဘာလ ၁၉ ရက်ကတည်းက စတင်ခဲ့သော ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်း ဟူသီတို့၏ တိုက်ခိုက်မှုများသည် ၅၇ ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။ ဟူသီပြောရေး ဆိုခွင့်ရှိသူက အမေရိကန်အလံလွှင့်ထားသည့် ဓာတုပစ္စည်းနှင့် ရေနံတင် တင်သင်္ဘောကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း စနေနေ့က ဖော်ပြခဲ့သည်။ အမေရိကန်ဘက်ကလည်း အဆိုပါတိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့ပြီး သင်္ဘောမှာအပျက်စီးမရှိသလို ထိခိုက်သူလည်း မရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ယူကေပင်လယ်ပြင်လုံခြုံရေးအေဂျင်စီ UKMTO က စနေနေ့ညက Djibouti ဆိပ်ကမ်းအနီး ၎င်းတို့၏သင်္ဘောတစ်စင်းတိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ 

ယခုအခါ ဂါဇာစစ်မီးသည် အရှေ့အလယ်ပိုင်းဒေသ အနှံ့အပြားကို တဖြည်း ဖြည်းကူးစက်လာနေပြီ ဖြစ်သည်။ အစ္စရေး-လက်ဘနွန်နယ်စပ်တွင်လည်း ဟစ်ဇ်ဘိုလာတို့က အစ္စရေးကို တိုက်ခိုက်လျက်ရှိသလို အီရန်ထောက်ခံသည့် အီရတ်စစ်သွေးကြွတို့ကလည်း အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်လျက်ရှိနေကြသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းပြည်၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟု သတင်းရသဖြင့် ဝယ်ယူလိုကြောင်းကို နိုင်ငံခြားသားတစ်ဦးက ပြောဆိုခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌ ဖြေရှင်း

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved