Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Online ချေးငွေလုပ်ငန်းဖြင့် ငွေကြေးအမြတ်ထုတ်လိမ်လည်လုပ်ကိုင်နေသည့်အဖွဲ့အား ဖမ်းဆီးရမိ

Pearl (NSS) - ဖေဖော်ဝါရီ ၂၄

Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံ ငွေကြေးအမြတ်ထုတ်လိမ်လည်လုပ်ကိုင်နေသည့်အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

Online မှတစ်ဆင့် အတိုးနှုန်းမြင့်မားစွာဖြင့် ချေးငွေပေးခြင်းများပြုလုပ်၍ ၎င်းချေးငွေများအား အမြန်ဆုံး ပြန်လည် ပေးသွင်းစေခြင်း၊ ပေးသွင်းခြင်းမရှိပါက ချေးငွေရယူစဉ် နည်းပညာအသုံးပြု၍ ၎င်းတို့ရယူထားသည့်အချက် အလက်များဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းစသည်ဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိကြောင်း တိုင်ကြားချက်များ၊ အခြားသတင်း အချက်အလက်များအရ ဖော်ထုတ်အရေးယူနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။ 


ထိုသို့ဆောင်ရွက်ရာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်၌ နေထိုင်သူ မဆုရည်နွယ်သည် အွန်လိုင်း ချေးငွေများနှင့်ပတ်သက်၍ ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းအား စစ်ဆေးဖော်ထုတ်ခဲ့ရာ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလခန့်တွင် Mashala Tech CO.,Ltd အမည်ရှိ အွန်လိုင်းချေးငွေ ဝန်ဆောင်မှုလုပ်ငန်း၊ Team – A တွင် ချေးငွေကောက်ခံသူအဖြစ် တစ်လလျှင် လစာ ၃၂၀၀၀၀ ကျပ်ဖြင့် စတင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

၎င်း၏ ထွက်ဆိုချက်များအရ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အထိ ဖော်ထုတ်ဖမ်းဆီးခဲ့ရာ HR ဝန်ထမ်းဖြစ်သူ မမြတ်စန္ဒာဝင်း အပါအဝင် စုစုပေါင်း၁၃ ဦးအား ၎င်းတို့လိမ်လည်ရာတွင် အသုံးပြုသည့် Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

စိစစ်ချက်များအရ အဆိုပါလုပ်ငန်းအား ဦးဇေယျာမင်း တစ်ဦးတည်းအမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း လုပ်ငန်းလုပ်ကိုင်နေသူမှာ တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian ဖြစ်ကာ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားပြီး Mr. Yu Linfeng သည် ဇန်နဝါရီ ၅ ရက်၌ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ လုပ်ငန်းများလုပ်ကိုင်ရာတွင် Mr. Yu Linfeng က ဦးဆောင်ပြီး ဖမ်းဆီးရမိသူ မြတ်စန္ဒာဝင်း၊ မမို့မို့အောင်နှင့် ဖမ်းဆီးရန် ကျန်ကျော်မင်းဖြိုး တို့က ကြီးကြပ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်ဟု နစကမှ ဆိုသည်။ 


၎င်းတို့၏ ကြီးကြပ်မှုအောက်တွင် အွန်လိုင်းချေးငွေများ ရယူလာစေရေး ဆွဲဆောင်သည့်အဖွဲ့၊ ချေးငွေ Application Download ပြုလုပ်ရန် ခိုင်းစေသည့်အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့နှင့် ချေးငွေပြန်လည် ခြိမ်းခြောက် တောင်းခံသည့်အဖွဲ့ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲကာလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့ကို ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မလွင်မေချစ်အပါအဝင် အဖွဲ့ဝင် ၁၅ ဦး ၊ ချေးငွေပြန်လည်ခြိမ်းခြောက်တောင်းခံသည့် အဖွဲ့ကို Team A, E, J, N, S, X အဖွဲ့ ၆ ဖွဲ့ခွဲထားပြီး ဖမ်းဆီးရန်ကျန် မောင်လဝန်းယံ၊ လင်းကောင်းခန့်၊ မနှင်းလပြည့်၊  မောင်ဇာနည်ဖြိုး၊ မပန်းအိမွန်၊ မနှင်းအိခိုင်  နှင့် ဖမ်းဆီးရမိထား သော မဝေဖြိုးသွယ်၊ မအေးမြင့်သူ၊  မရတနာတို့ကဦးဆောင်၍ ချေးငွေကောက်ခံသူများအပါအဝင်  စုစုပေါင်း ၉၁ ဦးတို့ဖြင့် ဖွဲ့စည်း ထားကြောင်း သိရှိရသည်။


လက်ရှိတွင် ဖမ်းဆီးရန်ကျန် Mr.Yu Linfeng နှင့် ဖမ်းဆီးရမိသူများဖြစ်သည့် မမြတ်စန္ဒာဝင်း၊ မအေးမြင့်သူ ၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ်၊ မင်းခန့်ကျော်၊ ဇော်ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမို့မို့အောင်၊ မင်းခန့်ကျော် ၊ ငြိမ်းချမ်းဆွေနှင့် မစုစုအေးတို့အား အမှုဖွင့်လှစ်၍ တရားဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းရောက် မြန်မာလုပ်သားများအတွက် သက်သေခံလက်မှတ်ထုတ်ပေးရေး (CI) စခန်း စတင်ဖွင့်လှစ်

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved