ထိုင်းရောက် မြန်မာလုပ်သားများအတွက် သက်သေခံလက်မှတ်ထုတ်ပေးရေး (CI) စခန်း စတင်ဖွင့်လှစ်
သုတကျော် (NSS) - ဖေဖော်ဝါရီလ ၂၄
ထိုင်းရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးရေးစခန်း ၅ ခုနှင့် Mobile Unit ၃ ခု ကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ရာ လာရောက်သူ အလွန်များပြားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူက NP News သို့ ပြောသည်။
ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရေးစခန်း (Certificate of Identity - CI ) (၅) ခုကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီ၊ ပထုန်ဌာနီ တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကာ Mobile Unit များကို ဆုန်ခလာ၊ ချင်းမိုင်နှင့် နခွန်စဝမ်တို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“လူတော်တော်များတယ်။ စမုပရာကန် စခန်းမှာတင်ကို လူ (၈၀ဝ)လောက် ရှိမယ်ထင်တယ်။ အထောက်အထားမဲ့ လူတွေက အများကြီးပဲလေ။ တရားမဝင်လာတဲ့ လူတွေကော သက်တမ်းရှိပြီး ကုန်သွားသူတွေကလည်း အများကြီးရှိတယ်”ဟု ၎င်းက ပြောသည်။
အချို့မြန်မာနိုင်ငံသား အလုပ်သမားများသည် တရားဝင် အထောက်အထားစာရွက်များကို အလုပ်ရှင်များက သိမ်းထားလိုက်သည့်အတွက် တရားမဝင် နေထိုင်သူများ ဖြစ်သွားကြခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “လာစောင့်တဲ့သူတွေလည်း အများကြီးပဲ။ တစ်နေ့ကို တစ်ထောင်နှုန်း လုပ်ပေးမယ်လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။
CI ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven စတိုးဆိုင်များတွင် ကနဦး ရက်ချိန်းရယူရ မည်ဖြစ်ကာ လက်ရှိတွင် သတ်မှတ်ထားသော လူအရေအတွက် ပြည့်နေပြီဖြစ်ခြင်းကြောင့် ရက်ချိန်းရယူရမည့်ရက်ကို ယာယီရပ်ထားကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံအတွင်း၌ စစ်မှုမထမ်းမနေရဥပဒေကျင့်သုံးတော့ မည်ဖြစ်သည့်အတွက် စိုးရိမ်လွန်ကြသောပြည်သူအချို့က ထိုင်းဘက်ခြမ်းသို့တိမ်းရှောင်မှုများ ယခုရက်ပိုင်းအတွင်း မြင့်တက်လျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
TNLA တပ်သား မောင်းလာသည့်ကားက ပြည်သူ(၂)ဦးကို တိုက်မိခဲ့သော်လည်း မတောင်းပန်သည့်အပြင် သေနတ် ဖြင့်ချိန်ကာ ခြိမ်းခြောက်ခဲ့
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း