တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ လူနေအဆောက်အဦးတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၅)ဦး သေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၂၄
တရုတ်နိုင်ငံ အရှေ့ပိုင်း Nanjing မြို့ရှိ လူနေအဆောက်အဦးတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၄၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ဖေဖော်ဝါရီလ (၂၄)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါ လူနေအဆောက်အဦးတွင် မီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီလ(၂၃)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခဲ့သည်။ အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ မီးလောင်ကျွမ်းမှု သည် လျှပ်စစ်ဆိုင်ကယ်များထားရှိရာ အဆောက်အဦး၏ မြေညီထပ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါအဆောက်အဦးသည် ရှန်ဟိုင်းမြို့ အနောက်မြောက်ဘက် (၂၆၀)ကီလိုမီတာအကွာတွင်ရှိသော လူ(၈)သန်း ကျော်နေထိုင်သည့် Nanjing မြို့ Yuhuatai ခရိုင်တွင် တည်ရှိကြောင်းလည်း သိရသည်။ ဖေဖော်ဝါရီလ(၂၃)ရက် နံနက်(၆)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး နေ့လည်(၂)နာရီအချိန်တွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့အပြင် မီးငြိမ်းသတ်နိုင်ရန်အတွက် မီးသတ်ကား(၂၅)စီး ဖြန့်ကျက်ချထားခဲ့ရကြောင်း အရေးပေါ်ဝန်ဆောင်မှု ဌာနများက ပြောကြားခဲ့သည်။ တရုတ်ဆိုရှယ်မီဒီယာများတွင် တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် မီးလောင်ကျွမ်း နေသည့်အဆောက်အဦးတစ်ခုနှင့်အတူ မီးခိုးလုံးကြီးများထွက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
အခြားဗီဒီယိုဖိုင်တစ်ခုတွင် အဆောက်အဦး၏ အထပ်ပေါင်းများစွာတွင် လောင်ကျွမ်းနေသော မီးတောက်ကြီးများ နှင့် အရေးပေါ်ယာဉ်များ၏ မီးအလင်းရောင်များကိုလည်း တွေ့မြင်ခဲ့ရသည်။ ထိခိုက်ဒဏ်ရာရရှိသူ(၄၄)ဦးကို ကုသမှုများ လုပ်ဆောင်ရန်အတွက် ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့အနက်မှတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကာ အခြားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Online ချေးငွေလုပ်ငန်းဖြင့် ငွေကြေးအမြတ်ထုတ်လိမ်လည်လုပ်ကိုင်နေသည့်အဖွဲ့အား ဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ