Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် (၄၅) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ

Pearl (NSS) - ဖေဖော်ဝါရီ ၂၄

မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် (၄၅) ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။ 

တပ်မတော်(ရေ)က ပြီးခဲ့သည့်ဇန်နဝါရီလ ၂၂ ရက်၊ ညနေပိုင်းတွင် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများလွှဲပြောင်းလက်ခံသယ်ဆောင်ရန် စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုး နှင့် ထွန်းဦး တို့အားတွေ့ရှိ၍ စစ်ဆေးဖော်ထုတ် ခဲ့ရာ ဇန်နဝါရီလ ၂၆ ရက်တွင် ပုသိမ်မြို့၌ စက်လှေပိုင်ရှင် တင်ရှိန်၊ စိုးရန်နိုင် နှင့် ဇန်နဝါရီလ ၂၈ ရက်တွင် ကျောင်းကုန်းမြို့နယ်၌ ဌေးအောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


၎င်းတို့၏ ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပုသိမ်မြို့နယ်၊ ကုလားချောင်းကျေးရွာ၌ နိုင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခွဲတွင် ပုသိမ်မြို့နယ်၊ သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်း၏ ဂိုဒေါင်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာ၌ ထွန်းလင်းနိုင် ၊ ဇော်ထွေးလွင်၊ ရဲလွင်ကို၊ ကျော်ဇင်ထက် နှင့် ကျော်မင်း တို့အား ကမ်းရိုးတန်းသွား စက်လှေတစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်တွင် တနင်္သာရီတိုင်း ၊ မြိတ်မြို့ ရှိ တင်ရှိန်၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ ငွေကျပ်သိန်း ၃၀၊ မော်တော်ယာဉ် ၂ စီးနှင့် လည်းကောင်း၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အိုက်စ်(မက်သ်အဖက်တမင်း)များအား မန္တလေးမှ ပုသိမ်သို့ Dump Truck မော်တော်ယာဉ်နှင့်သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့် နှင့် စိုးမောင်မောင်တို့ကိုလည်း ရေကြည်မြို့နယ်၊ ရေနံ့သာ ကျေးရွာတွင် ထပ်မံ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အိုက်စ်(မက်သ်အဖက်တမင်း)များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်း ထားသည့် ပြည်ကြီးတံခွန်မြို့နယ်ရှိခြံဝင်းတစ်ခုအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သည့် Methylamine ၁၆၄၀၀ လီတာ၊ Sulphuric Acid ၁၂၀၀ လီတာ၊ Hydrochloric Acid ၅၆၀ လီတာ၊ Benzyl Cyanide ၁၂၄၀၀ လီတာတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များနှင့် ဓာတုပစ္စည်း စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၂၈ ဘီလျံကျော်နှင့် ပင်လယ်ပြင်သွားစက်လှေ ၁ စီး၊ ကမ်းရိုးတန်းသုံး စက်လှေ ၁ စီး၊ မော်တော်ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးသို့ သယ်ဆောင်၍ မန္တလေးတွင် သိုလှောင်ကာ ဧရာဝတီတိုင်း၊ ပုသိမ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မလေးရှား နိုင်ငံရေပိုက်နက်သို့  သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံသားအချို့က ရုရှားစစ်တပ်တွင် တာဝန်ထမ်းဆောင်ရန်အတွက် စာရင်းပေးသွင်းထားကြကြောင်း အိန္ဒိယအစိုးရအတည်ပြု

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved