အိန္ဒိယနိုင်ငံသားအချို့က ရုရှားစစ်တပ်တွင် တာဝန်ထမ်းဆောင်ရန်အတွက် စာရင်းပေးသွင်းထားကြကြောင်း အိန္ဒိယအစိုးရအတည်ပြု
Pika (NSS) - ဖေဖော်ဝါရီ ၂၄
အိန္ဒိယနိုင်ငံသားအချို့သည် ရုရှားစစ်တပ်နှင့်အတူ ထောက်ပံ့ရေးအလုပ်များအတွက် စာရင်းသွင်းထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၂၃)ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါအိန္ဒိယနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသား(၁၈)ဦးခန့်သည် ရှေ့တန်းစစ်မြေမျက်နှာပြင် တစ်လျှောက်ရှိ နယ်စပ်မြို့များတွင် ပိတ်မိနေကြောင်း Hindu သတင်းစာက ဖော်ပြခဲ့သည်။
ထို့အပြင် အိန္ဒိယနိုင်ငံသားအနည်းဆုံး(၃)ဦးခန့်သည် ရုရှားတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ရန် အတင်းအကြပ် စေခိုင်းခံခဲ့ရကြောင်း Hindu သတင်းစာက ရေးသားဖော်ပြခဲ့သည်။ ရုရှား-ယူကရိန်းပဋိပက္ခတွင် အိန္ဒိယနိုင်ငံသား များသည် တိုက်ခိုက်ရေးကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဟုတ်/မဟုတ် ဆိုသည့်အချက်ကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။
သို့သော်လည်း ရုရှားစစ်တပ်နှင့်အတူ ထောက်ပံ့ရေးအလုပ်များအတွက် အိန္ဒိယနိုင်ငံသားအချို့က စာရင်းသွင်းထား သည်ကို သတိပြုမိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။ ထုတ်ပြန်ချက်တွင် "ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေးအတွက် အိန္ဒိယသံရုံးဟာ ရုရှားအာဏာပိုင်တွေနဲ့ အတူ ဆက်လက်ဆောင်ရွက်နေပါတယ်။ အိန္ဒိယနိုင်ငံသားတွေအားလုံးကို သတိထားကြဖို့နဲ့ ဒီပဋိပက္ခကနေ ဝေးဝေးနေကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်" ဟု ပြောခဲ့သည်။
ဒူဘိုင်းမြို့အခြေစိုက် လူသစ်စုဆောင်းရေးအဖွဲ့များက အိန္ဒိယနိုင်ငံသားများကို မြင့်မားသောလစာနှင့် ရုရှားနိုင်ငံကူး လက်မှတ်ပေးမည်ဟုဆိုကာ လိမ်ညာခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း Hindu သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံသားများသည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိချိန်တွင် လက်နက်များနှင့်ခဲယမ်း မီးကျည်များကို ကိုင်တွယ်ပုံအား လေ့ကျင့်သင်ကြားခဲ့ရပြီး ပြီးခဲ့သည့်ဇန်နဝါရီလတွင် ရှေ့တန်းသို့ ပို့ခံခဲ့ရခြင်းဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် နေရပ်ပြန်နိုင်ရေးအတွက် အသနားခံစာတင်ပို့မှုများသည် မော်စကိုမြို့ရှိ အိန္ဒိယသံရုံးသို့ ရောက်ရှိသွားခြင်း မျိုးမရှိကြောင်း အိန္ဒိယနိုင်ငံသားများထဲမှတစ်ဦးက Hindu သတင်းစာသို့ ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို လုံခြုံရေးအဖွဲ့ စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားများစွာနှင့်အတူ လူ (၇၀ဝ) ခန့်ကို ဖမ်းဆီးထိန်းသိမ်း
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း