Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို လုံခြုံရေးအဖွဲ့ စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားများစွာနှင့်အတူ လူ (၇၀ဝ) ခန့်ကို ဖမ်းဆီးထိန်းသိမ်း

မြူနစ် (NSS) - ဖေဖော်ဝါရီလ ၂၄ 

  ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို လုံခြုံရေးအဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားများစွာနှင့်အတူ လူ(၇၀ဝ)ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

နစက၏ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်းမှ စတင်ကာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် တိုးနယားလမ်း ခြံဝင်းအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

“ဝင်ရောက်စီးနင်းတာက မှန်ပါတယ်။ အများဆုံးဖမ်းမိတာက ထိုင်းနိုင်ငံသားတွေ များပါတယ်။ ရာကျော်လောက် ရှိပါတယ်။ ဒါပေမဲ့ နောက်ထပ်ဖမ်းမိတဲ့အထဲမှာ တရုတ်နိုင်ငံသားက နည်းပါတယ်။ လက်ချိုးရေလို့ ရပါတယ်။ ပြီးတော့ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေလည်း အများအပြား ဖမ်းဆီးရရှိထားပါတယ်” ဟု အထက်ပါအွန်လိုင်း ငွေလိမ်ဂိုဏ်းကို ဝင်ရောက်စီးနင်းသော လုံခြုံရေး အဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

 လုံခြုံရေးပူးပေါင်းအဖွဲ့သည် အထက်ပါခြံဝန်းအတွင်းရှိ (၃)ထပ်တိုက်အဆောက်အအုံ နှစ်လုံး၊ (၂)ထပ်တိုက် အဆောက်အအုံ သုံးလုံးကို ဝင်ရောက်စီး နင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအွန်လိုင်းငွေလိမ်ဂိုဏ်းကို ဝင်ရောက်စီးနင်းစဉ် ထိုင်းနိုင်ငံသား အမျိုးသား (၇၅)ဦး၊ အမျိုးသမီး (၇၃)ဦး၊ တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာ နိုင်ငံသား (၅၄၀)ဦး စုစုပေါင်း (၆၈၈)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွန်ပျူတာအလုံး (၄၀ဝ)၊ မီးခံသေတ္တာ (၁၁)လုံး၊ ဖုန်း၊ ကား၊ ဆိုင်ကယ်နှင့် အခြားသော ဆက်စပ်ပစ္စည်း များစွာကို သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင် လိုအပ်သော စစ်ဆေးရေးလုပ်ငန်းများကို ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။ တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းကို မြန်မာ၊ ထိုင်း၊ တရုတ် (၃)နိုင်ငံပူးပေါင်းကာ စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်နိုင် ကြောင်းလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကျက်စားရာဒေသတွင် နေထိုင်သော လုပ်ငန်းရှင်က NP News ကို သုံးသပ်ပြောကြားသည်။

“တကယ်လုပ်တာပါ။ တရုတ်ကရှာခိုင်းတဲ့ သူတို့ပစ်မှတ်တွေကို လိုက်ရှာတာ။ တရုတ်ကတော့ အတိအကျ Position ပေးတယ်လေ။ ဘယ်နေရာမှာ ရှိတယ်ဆိုပြီးတော့ပေါ့။ အရင်ဆုံး တာချီလိတ်ကို သွေးတိုးစမ်း ကြည့်တာပေါ့။ (၃)နိုင်ငံပေါင်းပြီးတော့ မြန်မာရယ်၊ ထိုင်းရယ်၊ တရုတ်ရယ်ပေါ့။ အဲဒါကို ရရင်တော့ သူတို့ ရွှေကုက္ကိုလုပ်မယ့်သဘောရှိတယ်” ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။

မြန်မာ၊ တရုတ်၊ ထိုင်းနယ်စပ်ဒေသများတွင် ကျားဖြန့်ဟုခေါ်ဆိုသော အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်း ကစားလုပ်ငန်းများကို ကျယ်ပြန့်စွာပြုလုပ်နေလျက်ရှိပြီး ယင်းလုပ်ငန်းများကို (၃)နိုင်ငံ ပူးပေါင်း၍ ထိရောက်စွာ နှိမ်နင်းရန် ဆောင်ရွက်နေကြောင်း နစကဘက်က ယခင်ကာလများ၌ ပြောဆိုခဲ့ဖူးသည်။

အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံသားအများစု ပါဝင်လုပ်ကိုင်နေလျက်ရှိသည့်အပြင် ထိုင်း နှင့် အခြားနိုင်ငံသားများလည်း ပါဝင်ဆောင်ရွက်နေကြောင်းနှင့် ၎င်းတို့ကို လက်နက်ကိုင်အဖွဲ့များက အကာ အကွယ်ပေးနေကြောင်းလည်း သိရသည်။ အဆိုပါ နိုင်ငံသားများသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများသို့ တရားမဝင် ဝင်ရောက်နေထိုင်ကာ အွန်လိုင်းလိမ်လည်မှု လုပ် ငန်းများတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေ ထိုင်သည့် နိုင်ငံခြားသား (၅၀ဝဝဝ)ကျော်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်မှစ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည် လွှဲပြောင်းပေးထားကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved