ဆင်ဘိုမြို့နယ်ခွဲအနီးတွင် တပ်မတော် လုံခြုံရေးအဖွဲ့ နှင့် KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေ
Pearl (NSS) - ဖေဖော်ဝါရီ ၂၄
ဆင်ဘိုမြို့နယ်ခွဲအနီးတွင် တပ်မတော်လုံခြုံရေးအဖွဲ့ နှင့် KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၄ရက်)၊ နံနက် (၇)နာရီခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲအနီးရှိ ခလရ (၁၄၁) တပ်စခန်းကို KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"မနက်(၇)နာရီတည်းက တိုက်ပွဲစဖြစ်တာ။ တပ်ကို ဝိုင်းထားတာကြာပြီ။ ဟိုဘက်က အင်အား(၂၀၀၀)ကျော် တယ်" ဟု လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ခလရ (၁၄၁)ကို KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ထိန်းချုပ်ထားနိုင်သည့် အခြေအနေမရှိသော် လည်း အင်အား (၂ဝဝဝ)ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်နေကြောင်းသိရသည်။
အဆိုပါ ခလရ (၁၄၁) တပ်စခန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့အနေ ဖြင့် ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်ပြီး စစ်ရေး တင်းမာနေမှုမှာလည်း ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။
အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲရှိ ရဲစခန်းကို KIA၊ AA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် (၄၅) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ