Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နျူကလီးယားပစ္စည်းများ သယ်ယူပို့ဆောင်ရန် ပူးပေါင်းကြံစည်မှုဖြင့် ဂျပန်မာဖီးယားဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို အမေရိကန်အစိုးရရှေ့နေများက စွဲချက်တင်

Pika (NSS) - ဖေဖော်ဝါရီ ၂၂ 

အမေရိကန်အစိုးရရှေ့နေများသည် ဂျပန်မာဖီးယားဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို နျူကလီးယားပစ္စည်းများ သယ်ယူပို့ဆောင်ရန် ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အသက်(၆၀)နှစ်အရွယ် တာကာရှီအီဘီဆာဝါသည် နျူကလီးယားဗုံးတည်ဆောက်ရန်အတွက် အီရန်သို့ လွှဲပြောင်း ပေးမည်ဟု ယူဆရသည့် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ကို ရောင်းချရန်ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် တာကာရှီအီဘီဆာဝါနှင့် ထိုင်းပူးတွဲတရားခံတစ်ဦးတို့သည် ၂ဝ၂၂ ခုနှစ် ဧပြီလတွင် လက်နက်နှင့် မူးယစ်ဆေးစွဲချက်များဖြင့် စွဲချက်တင်ခံခဲ့ရကြောင်းလည်း သိရသည်။ တာကာရှီအီဘီဆာဝါသည် နောက်ဆုံး စွဲချက်များအရ ပြစ်မှုထင်ရှားခဲ့မည်ဆိုပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ဘရွတ်ကလင်းအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသော တာကာရှီအီဘီဆာဝါသည် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း နှင့် အမေရိကန်တို့တွင် စစ်ဆင်ရေးများလုပ်ဆောင်နေသည့် ယာကူဇာဟု လူသိများသော ဂျပန်ရာဇဝတ်ဂိုဏ်း၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။ တာကာရှီအီဘီဆာဝါ နှင့် ၎င်း၏ကြံရာပါများသည် ထိုင်းနိုင်ငံရှိ နျူကလီးယားပစ္စည်းနမူနာများကို US Drug Enforcement Agency (DEA)မှ လျှို့ဝှက်အေးဂျင့်အား ပြသခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တရားရေးဌာန က ပြောကြားခဲ့သည်။

အဆိုပါအေးဂျင့်သည် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့်အချိတ်အဆက်များရှိသည့် မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုရောင်းဝယ်သူအဖြစ် ဟန်ဆောင်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံမှလာသော နျူကလီးယားပစ္စည်းနမူနာများကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး အမေရိကန် စုံစမ်း စစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါပစ္စည်းများတွင် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ပါဝင်ကြောင်း အမေရိကန်ဓါတ်ခွဲခန်းတစ်ခုက အတည်ပြုခဲ့ သည်။ ထို့အပြင် တာကာရှိအီဘီဆာဝါသည် မြန်မာနိုင်ငံမှ အမည်မဖော်ပြထားသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ကိုယ်စား စစ်ဘက်အဆင့် လက်နက်အမြောက်အမြားကို ရယူရန်ကြိုးပမ်းခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ များက ထပ်မံစွပ်စွဲခဲ့သည်။

ယင်းစစ်လက်နက်ပစ္စည်းများတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ သေနတ်များ၊ စနိုက်ပါရိုင်ဖယ်များ၊ စက်သေနတ်များ၊ အရွယ်အစားအမျိုးမျိုးရှိသော ဒုံးပျံများနှင့် မဟာဗျူဟာမြောက်ပစ္စည်း ကိရိယာများ ပါဝင်ကြောင်း သိရသည်။ 

အမေရိကန်လက်ထောက်ရှေ့နေချုပ် မက်သရူးဂျီအိုလ်ဒန်က"ဒီလိုကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်သွားခဲ့မယ် ဆိုရင် ဖြစ်လာမယ့်နောက်ဆက်တွဲအကျိုးဆက်တွေကို တွေးကြည့်ရတာက တကယ်ကိုထိတ်လန့်ဖို့ ကောင်းပါတယ်။ အမေရိကန်တရားရေးဌာနဟာ အမေရိကန်ရဲ့လုံခြုံရေးနဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက် နိုင်တဲ့ ဒီလိုပစ္စည်းတွေ မှောင်ခိုလုပ်နေတဲ့လူတွေကို သေချာကိုင်တွယ်သင့်ပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းသြဇာကြီး ဝန်ကြီးချုပ်ဟောင်းက ကမ္ဘောဒီးယား၏ မဟာမိတ်ဟောင်းဟွန်ဆန်ထံ သွားရောက်လည်ပတ်

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved