Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းသြဇာကြီး ဝန်ကြီးချုပ်ဟောင်းက ကမ္ဘောဒီးယား၏ မဟာမိတ်ဟောင်းဟွန်ဆန်ထံ သွားရောက်လည်ပတ်

Htay Oung (NSS) - ဖေဖော်ဝါရီ ၂၂ 

ထိန်းသိမ်းခံထားရာမှ ယခုသီတင်းပတ်အတွင်း လွတ်မြောက်လာသူ ထိုင်းနိုင်ငံရဲ့သြဇာတိက္ကမကြီးမားလှတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်_ရှင်နာဝပ်ထရာဟာ ကမ္ဘောဒီးယား ယခင်ခေါင်းဆောင်ဟောင်း ဟွန်ဆန်ထံ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) မှာ လာရောက်လည်ပတ်ခဲ့ပါတယ်။ ၁၅ နှစ်ကြာ ပြည်ပြေးဖြစ်နေစဉ် ထိုင်းစီးပွားရေးလုပ်ငန်းရှင်နိုင်ငံရေးသမားကြီးရဲ့ အနီးကပ်ဆုံး မ်ိတ်ဆွေများအနက် ဟွန်ဆန်ဟာ တစ်ဦးဖြစ်တယ် လို့ ရိုက်တာသတင်း အေဂျင်စီက ဖေဖော်ဝါရီလ ၂၁ ရက်က ရေးသားပါတယ်။ 


နိုင်ငံရေးဟဲဗီးဝိတ်တစ်ဦးဖြစ်သူ ဟွန်ဆန်ဟာ  အာဏာရှင်တစ်ဦးအဖြစ် သူ့ဖာသာ ပုံဖော်ပြီး ကမ္ဘောဒီးယားမှာ ဆယ်စုနှစ် လေးခုနီးပါးကြာ အုပ်ချုပ်မှုရာထူးကို ရယူခဲ့ပါတယ်။  လွန်ခဲ့တဲ့နှစ်မှာတော့ ဟွန်ဆန်ဟာ သားဖြစ်သူကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ 

ထိုင်းဘီလျံနာနိုင်ငံရေးသမားကြီး ပြည်ပြေးဖြစ်နေစဉ် ကမ္ဘောဒီးယားရှိ မဟာမိတ်များထံ မကြာခဏ လာရောက် တွေ့ဆုံခြင်းဖြင့် သက်ဆင်ရဲ့အထူးအကြံပေးတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ရပ်ဟာ အိမ်နီးချင်းနိုင်ငံမှ ဝင်ရောက်စွက်ဖက်မှုအဖြစ် ရှုမြင်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ပြိုင်ဘက်များအတွက် မချင့်မရဲ ဖြစ်စေခဲ့ပါတယ်။

ကွေ့ကောက် တက်ဆင်းထူပြောလှတဲ့ ဘန်ကောက်နိုင်ငံရေးလောကမှာ ထင်ရှားကျော်ကြားသူ သက်ဆင်ဟာ အာဏာသိမ်းခြင်းဖြင့် ဖြုတ်ချခံရပြီး အုတ်ထရံလေးဖက်အကြား အကျဉ်းချမခံရစေဖို့ နိုင်ငံတကာလှည့်ပြီး ထွက်ပြေးနေခဲ့ရပါတယ်။ ၀န်ကြီးချုပ်ဟောင်းရဲ့လှုပ်ရှားမှုတွေဟာ သူ့မိသားစု သူ့မဟာမိတ်များက ဦးဆောင်တဲ့ ထိုင်းအစိုးရအပေါ် သြဇာလွှမ်းမိုးနေလိမ့်မယ်လို  မျှော်လင့်ရပါတယ်။ 

သက်ဆင်ဟာ အသက်အရွယ်နဲ့ကျန်းမာရေးကြောင့် လွန်ခဲ့တဲ့ တနင်္ဂနွေနေ့မှာ လွတ်မြောက်လာခဲ့ပါတယ်။ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်းဟာ လည်ပင်းအထိန်း၊ ပုခုံးသိုင်းကြိုး၊ ဘီးတပ်ကုလားထိုင်ကို အသုံးပြုပြီး သွားလာနေရပါတယ်။ သူနဲ့တွေ့ဆုံတဲ့ အကြီးတန်းအရာရှိတစ်ဦးကလည်း သူတကယ် မကျန်းမမာဖြစ်နေပြီလို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း နှစ်ယောက် တွေ့ဆုံပြီး နိုင်ငံရေးအကြောင်း မပြောဖြစ်ကြဘူးလို ဟွန်ဆန်က ဖေ့ဘွတ်လူမှု ကွန်ရက်မှာ ရေးသားပါတယ်။ လည်ပင်းအထိန်း ၀တ်ဆင်ထားပြီး မရွှင်မပြ မျက်နှာထားနဲ့ သက်ဆင်ရဲ့ဘေး  ဆိုဖာပေါ်မှာ ထိုင်နေဟန် သူ့တို့ရဲ့ဓါတ်ပုံကိုလည်း အတူလွှင့်တင်ခဲ့ပါတယ်။

သက်ဆင်ခံစားနေရတယ်ဆိုတဲ့ကျန်းမာရေးပြဿနာများရဲ့အတိုင်းအတာအပြည့်အစုံကို သတင်းထုတ်ပြန်ခြင်း မရှိသေးပဲ အမှန်တကယ် နေမကောင်းဖြစ်နေတာမှ ဟုတ်ရဲ့လားလို့ ဝေဖန်သူများက မေးခွန်းထုတ်နေကြပါတယ်။

လွန်ခဲ့တဲ့နှစ် သြဂုတ်လမှာ ထိုင်းနိုင်ငံကို သက်ဆင်တစ်ယောက် ပြဇာတ်ဆန်ဆန် ပြန်ရောက်လာပါတယ်။ အဲဒီနေ့ဟာ သူ့အပေါ် သစ္စာစောင့်သိသူ ဆရက်သာ_ထာဗီဆင်ကို ထိုင်းနိုင်ငံ၀န်ကြီးချုပ်အမည်စာရင်း တင်သွင်းတဲ့ နေ့ဖြစ်ပါတယ်။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာလည်း ကမ္ဘာ့အုပ်ချုပ်မှုသက်တမ်းအရှည်ဆုံး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဟွန်ဆန် (အသက် ၇၁ နှစ်)က သားဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဟွန်မာနက်ကို ၀န်ကြီးချုပ်အဖြစ် အာဏာလွှဲအပ်တဲ့နေ့ဖြစ်နေပါတယ်။ 

သက်ဆင်ဟာ အကျိုးစီးပွား အရှုပ်အထွေး၊ အာဏာအလွဲသုံးစားမှုတိုနဲ့ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံခဲ့ရပေမယ့်  ထောင်ထဲရောက်တဲ့  ပထမဆုံးညမှာပဲ ရင်ဘတ်အောင့်တယ်ဆိုတဲ့ဝေဒနာကြောင့် ဆေးရုံကို ပြောင်းရွှေ့ပေး ခဲ့ပါတယ်။

ထိုင်းဘုရင်မင်းမြတ်က သက်ဆင်ကို ထောင်ဒဏ်တစ်နှစ်အထိ လျှော့ပေးခဲ့ပြီးနောက် ခြောက်လအကြာမှာတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ဟွန်ဆန်နဲ့တွေ့ဆုံတဲ့ သက်ဆင်ရဲ့ခရီးစဉ်ဟာ သူတို့နှစ်ဦးအကြား နက်ရှိင်းတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်စပ်မှုကို သက်သေပြနေတယ်လို လေ့လာသူအချို့က ပြောပါတယ်။ သက်ဆိုင်ရာအစိုးရအသီးသီးအပေါ် သူတို့ရဲ့ သြဇာ လွှမ်းမိုးမှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်ခံ့စေဖို့ အကြောင်းတစ်ရပ်လည်းဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ဒီခရီးစဉ်ဟာ အရှေ့တောင်အာရှ အထက်တန်းလွှာ လူ့မလိုင်တို့ရဲ့နိုင်ငံရေးကို ထင်ဟပ်နေတယ်လို ချူလာ လောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဆီရီပန်_နောဆုအန်_ဆဝါဒီက မှတ်ချက်ပေးပါတယ်။

သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ ခက်ခဲတဲ့ နှစ်နိုင်ငံပြဿနာများကို အဖြေရှာရာမှာလည်း ကူညီပေးနိုင်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်ချင်းထပ်နေတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ ပူးတွဲရှာဖွေရေးတို့လို ဆယ်စုနှစ်များစွာ ရပ်တန့်နေခဲ့တဲ့အစီအစဉ်များကိုလည်း ပြန်လည်အသက်သွင်းနိုင်လိမ့်မယ်လို ပါမောက္ခ ဆဝါဒီ က ပြောပါတယ်။


#သကဆင်_ရှင်နာ၀ပ်ထရာ #ဟန်ဆန် #ထင်းအစိုးရ #ကမဘောဒီးယား #ဟန်မာနက် #တင်ကွန်း #ဆရကသာ_ထာဗီဆင်ကို #ခရနီ

..

(Reuters., 21 February 2024,” Thai influential ex-PM Thaksin gets visit from old ally Hun Sen of Cambodia” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နယ်စပ်မှ ခိုလှုံလာသူများနှင့်ပတ်သက်၍ ကန့်သတ်ချက်အသစ်များ ချမှတ်ရန် ဘိုင်ဒင်ရည်ရွယ်

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved