Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နယ်စပ်မှ ခိုလှုံလာသူများနှင့်ပတ်သက်၍ ကန့်သတ်ချက်အသစ်များ ချမှတ်ရန် ဘိုင်ဒင်ရည်ရွယ်

ALynn (NSS) - ဖေဖော်ဝါ၇◌ီ ၂၂ 

အိမ်ဖြူတော်က အမေရိကန်-မက္ကဆီကိုနယ်စပ်မှ ရွှေ့ပြောင်းလာသူများနှင့်ပတ်သက်၍ ကန့်သတ်ချက်အစီအမံများ ချမှတ်သွားရန် စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။ 

သမ္မတဟောင်းထရမ့် လက်ထက်ကတည်းက ထိုအရေးကိစ္စသည် အငြင်းပွားဖွယ်ဖြစ်နေပြီး ခိုလှုံခွင့်ထောက်ခံ သူများက ထိုအစီအမံကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည့် အလားအလာရှိနေသည်။ အမေရိကန်-မက္ကဆီကို နယ်စပ်ပြဿနာသည် သမ္မတဂျိုးဘိုင်ဒင်အတွက် ဖြေရှင်းရန်ကျန်ရှိနေသော အရေးကိစ္စတစ်ခုဖြစ်ပြီး ယခုအခါ နယ်စပ်ဖြတ်ကျော်သူအရေအတွက်မှာ စံချိန်တင်လောက်အောင် များပြားလာပြီဖြစ်သည်။ 

နယ်စပ်ဖြတ်ကျော်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်ခြင်းမပြုသေးသော်လည်း လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂၁၂ (စ) အရ နယ်စပ်ဖြတ်ကျော်ခြင်းနှင့် ပတ်သက်၍ သမ္မတက ကန့်သတ်ချက်များ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ 


ယခုဆွေးနွေးမှုများမှ မည်သို့သော စီမံဆုံးဖြတ်ချက်များထွက်ရှိလာမည်လဲမသေချာသေးသလို ထရမ့်လက်ထက် က ချမှတ်ထားသည့်စီမံချက်များနှင့် မည်သို့ကွာခြားသွားမည်လဲ မသိရှိရသေးပါ။ တရားရေးဌာန၏ ဥပဒေရေးရာ အကြံပေးရုံးသည် အဆိုပြုထားသောစီမံချက်များကို ပြန်လည်စိစစ်၍ ဥပဒေကြောင်း အရစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်းသိရသည်။ 

“အစိုးရအနေဖြင့် ကွန်ဂရက်စ်တွင် လွှတ်တော်နှစ်ရပ်လုံးက ထောက်ခံမည့် တရားမျှတမှုရှိပြီး ထိရောက်သော နယ်စပ်လုံခြုံရေးဥပဒေကြမ်းကို တင်သွင်းနိုင်ရန် လပေါင်းများစွာ ဆွေးနွေးခဲ့ရကြောင်း နှင့် ကျိုးပေါက်နေသော နယ်စပ်လုံခြုံရေးစနစ်ကို ပြန်လည်ပြုပြင်ရန် အသုံးစရိတ် တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း” အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။ 


ဖေဖော်ဝါရီလအစောပိုင်းက သမ္မတဘိုင်ဒင်သည် နယ်စပ်လုံခြုံရေးဥပဒေကို အတည်ပြုပြီးဖြစ်ပါက အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ပိတ်ပြီး ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “သမ္မတ ဘိုင်ဒင်အနေဖြင့် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်များစွာရှိသော်လည်း အကန့်အသတ်မဲ့ မဟုတ်ပါ ကြောင်း၊ ပုဒ်မ ၂၁၂ (စ) အရ အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် နိုင်ငံသားမဟုတ်သူများကို နယ်စပ်ဖြတ် ကျော်ခွင့် ဆိုင်းငံ့နိုင်သော်လည်း လူတိုင်းကိုတော့ နယ်စပ်ဖြတ်သန်းခွင့် ပိတ်ပင်ခြင်းမပြုနိုင်ကြောင်း” လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေကျွမ်းကျင်သူက CNN သို့ ပြောကြားခဲ့သည်။

ဘိုင်ဒင်အစိုးရသည် ယခင်ကတည်းက ခိုလှုံခွင့်နှင့်ပတ်သက်၍ တင်းကျပ်သည့် အစီအမံများ ချမှတ်ရန် ကြိုးပမ်းခဲ့ ဖူးသည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်တောင်ပိုင်း နယ်စပ်မှဖြတ်သန်းသွား လာသူများအား နိုင်ငံရေး ခိုလှုံခွင့် မပြုရန် စည်းမျဉ်းများချမှတ်ခဲ့သည်။ အမေရိကန်နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ ဇန်နဝါရီလတွင် အမေရိကန်-မက္ကဆီကိုနယ်စပ်မှ ဝင်ရောက်သူ ၁၂၄,၂၂ဝ ရှိကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သန်လျင်မြို့၌ ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved