သန်လျင်မြို့၌ ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် သန်လျင်မြို့နယ်၊ ဒဂုံ-သီလဝါလမ်းမကြီး၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း 5BTAXI လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘေးတွဲဆိုင်ကယ်ကို ရှောင်ရင်းနဲ့ မှောက်တာလို့ ပြောတယ်။ စပယ်ယာတစ်ယောက်ပဲ ထိတာ။ ခေါင်းကွဲသွားတယ်။ မီးလောင်တာတော့မဖြစ်ဘူး” ဟု 5BTAXI လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက် (၃၂)နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ဦးခေါင်းကွဲ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှောင်လမ်းတွင် ကရင်ဇာတ်အဖွဲ့သားများပါသည့်ကား ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ(၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ကြန်ကာလအသုံးပြုရန် ပြည်သူ့ရင်ပြင်၌ တည်ဆောက်နေသည့် မြေအောက်ရေလှောင်ကန် ၉၀ ရာခိုင်နှုန်းပြီးစီး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ