ဗင်နီဇွဲလားနိုင်ငံတွင် ရွှေတွင်းတစ်ခုပြိုကျခဲ့ပြီး လူ(၂)ဒါဇင်နီးပါး သေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၂၂
ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်း တောထဲရှိ တရားမဝင်ရွှေတွင်းတစ်ခု ပြိုကျခဲ့ရာ လူ(၂)ဒါဇင်ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ(၂၁)ရက်တွင် ပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ရွှေတွင်းပြိုကျမှုသည် ဘိုလီဗာပြည်နယ်ရှိ "Bulla loca" မိုင်းတွင်းတွင် ဖေဖော်ဝါရီလ (၂ဝ) ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့၏ မိသားစုဝင်များသည် နောက်ထပ်သတင်းများကို ကြားသိရရန်အတွက် ရွှေတွင်းအနီးတွင် စောင့်ဆိုင်းနေကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရွှေတွင်းပြိုကျမှုဖြစ်ပွားပြီးနောက် ရုပ်အလောင်း (၂၃) ဦး ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း Angostura မြူနီစီပယ် မြို့တော်ဝန် Yorgi Arciniega က ဖေဖော်ဝါရီလ (၂၁) ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော်လည်း သေဆုံးသူအရေအတွက်မှာ ထပ်မံတိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း အရပ်ဘက်ကာကွယ်စောင့်ရှောက် ရေး ဒုဝန်ကြီး Carlos Perez Ampueda က ပြောကြားခဲ့သည်။ အဆိုပါရွှေတွင်းတွင် လူ(၂ဝဝ) ခန့် အလုပ်လုပ်ကိုင် နေကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အွန်လိုင်းပေါ်တွင် တင်ထားသည့်ဗီဒီယိုဖိုင်ထဲတွင် ရွှေတွင်း အပေါက်ဝရှိ ရေတိမ်ပိုင်းတွင် လူဒါဇင်ချီ အလုပ်လုပ်ကိုင်နေကြချိန်အတွင်း ၎င်းတို့အပေါ်မှ မြေကြီးများပြိုကျလာ သည်ကို တွေ့မြင်ခဲ့ရသည်။
လူအချို့မှာ မြေကြီးများအောက်တွင် ပိမိသွားခဲ့ပြီး အချို့ကထွက်ပြေးလွတ်မြောက်သွားသည်ကိုလည်း အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။ အဆိုပါရွှေတွင်းပြိုကျမှုအတွင်း အခြားလူ(၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Carlos Perez Ampueda က ထပ်မံပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသား ၃၇ ရာခိုင်နှုန်း လိုလားထောက်ခံခြင်းမရှိဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ