လှိုင်သာယာမြို့နယ်ရှိ Xi Yan တရုတ်စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
NSS - ဖေဖော်ဝါရီ ၂၂
လှိုင်သာယာမြို့နယ်ရှိ Xi Yan တရုတ်စားသောက်ဆိုင်တွင် ဖေဖော်ဝါရီလ ၂၁ ရက်၊ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပေါက်ကွဲမှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၁ ရက်)၊ ည ၈နာရီ ၅၀မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်း၊ ရွှေညောင်ပင် မှတ်တိုင်အနီးရှိ Xi Yan စားသောက်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲတာက မှန်တယ်။ လူထိခိုက်မှုမရှိဘူး။ အသံအကျယ်ကြီးကြားရတယ်လို့ပြောတယ်။ အပျက်အစီးပမာဏတော့မသိဘူး”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။ ပေါက်ကွဲမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း Xi Yan စားသောက်ဆိုင်တွင် ပျက်စီး ဆုံး ရှုံးမှု တချို့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ PDF အဖွဲ့(၂)ဖွဲ့ဖြစ်သည့် Dark Shadow အဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့တို့က ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက် Facebook စာမျက်နှာများတွင် ကြေညာထားသည်ကို တွေ့ရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်ကလည်း လှိုင်သာယာမြို့နယ်ရှိ ရခိုင်ရိုးလေး အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က အဝေးထိန်းမိုင်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစ်မြှုပ်သွားတဲ့စစ်သင်္ဘောကို ပြန်လည်ရှာဖွေ၊ ရယူနိုင်ဖို့ ထိုင်းနဲ့ အမေရိကန်ရေတပ်တို့ ပူးပေါင်းကြိုးပမ်းနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ