နစ်မြှုပ်သွားတဲ့စစ်သင်္ဘောကို ပြန်လည်ရှာဖွေ၊ ရယူနိုင်ဖို့ ထိုင်းနဲ့ အမေရိကန်ရေတပ်တို့ ပူးပေါင်းကြိုးပမ်းနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၂
ထိုင်းစစ်တပ်နဲ့အမေရိကန်စစ်တပ်တို့ဟာ နစ်မြှုပ်သွားခဲ့တဲ့ HTMS Sukhothai အမျိုးအစား ကော်ဗက် သင်္ဘောနဲ့အတူပျောက်ဆုံးနေတဲ့ သင်္ဘောသားငါးဦးကိုရှာဖွေမှုများကို ဖေဖော်ဝါရီ ၂၂ ရက်မှာ စတင်လုပ်ဆောင် ခဲ့ကြောင်း သိရပါတယ်။
အမေရိကန် နဲ့ ထိုင်းစစ်တပ်တို့ဟာ အဆိုပါကော်ဗက်အမျိုးအစား စစ်သင်္ဘောမှာတပ်ဆင်ထားတဲ့ စစ်လက်နက် ပစ္စည်းတွေကို ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ဟာဝိုင်အီရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှ “Ocean Valor” အမည်ရှိ စစ်သင်္ဘောအပြင် ထိုင်းစစ်သင်္ဘောတွေ၊ ဖရီးဂိတ်အမျိုးအစား စစ်သင်္ဘောတို့ကို အသုံးပြု သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်စစ်တပ်က ရေငုပ်သမား ၁၇ ဦး နဲ့ ထိုင်းစစ်တပ်တို့ရှိ ရေငုပ်သမား ၄ဝ ဦးတို့ ပူးပေါင်း ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်စစ်သင်္ဘောတွေနဲ့ စစ်သားတွေဟာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ခဲ့သူတွေဖြစ်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ နိုင်ငံပေါင်း ၃ဝ ကျော် ပူးပေါင်းပါဝင်တဲ့ ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေကြောင်း သိရပါတယ်။ Sukhothai အမည်ရှိ စစ်သင်္ဘောဟာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် ညပိုင်းမှာ နစ်မြှုပ်ခဲ့ပြီး ရေတပ်တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။
ထိုင်းရေတပ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Adoong Pan-iam က အမေရိကန်နဲ့ ထိုင်းရေတပ်တပ်ဖွဲ့ဝင်တွေဟာ နစ်မြှုပ်ခဲ့တဲ့သင်္ဘောကို ပြန်လည်ရှာဖွေနိုင်ဖို့ ပူးပေါင်းလေ့လာပြီး ရှာဖွေသွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုနှင့် ယူကရိန်းတို့က လက်ရှိဖြစ်ပွားနေသောပဋိပက္ခကို ဖြေရှင်းလိုသည့်ဆန္ဒမရှိကြောင်း ရုရှားအစိုးရ ဝေဖန်ပြောဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း