Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများကို ဗင်နီဇွဲလားသမ္မတ ဝေဖန်ပြစ်တင်

Pika (NSS) - ဖေဖော်ဝါရီ ၂၂

အစ္စရေးအစိုးရသည် ဒုတိယကမ္ဘာစစ်မတိုင်မီ ဟစ်တလာ၏နာဇီဂျာမနီကဲ့သို့ အနောက်အုပ်စု၏ တူညီသော အားပေးမှု၊ ရန်ပုံငွေ နှင့် ထောက်ခံမှုတို့ကို ပျော်မွေ့နေကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက ပြောကြားခဲ့သည်။ 

နီကိုလက်စ်မာဒူရိုသည် မကြာသေးမီက အစ္စရေးနိုင်ငံကို ဝေဖန်ခဲ့သော ဘရာဇီးသမ္မတ လူလာဒီလ်ဆေးလ်ဗား နည်တူ အစ္စရေးကို ဝေဖန်ပြစ်တင်ခဲ့ပြီး ဘရာဇီးသမ္မတကို အားပေးထောက်ခံကြောင်း ပြသမှုအဖြစ် ယခုကဲ့သို့ မှတ်ချက်ပြုပြောခဲ့ခြင်းဖြစ်သည်။ 

နီကိုလက်စ်မာဒူရို က "အမေရိကန်၊ ဥရောပနဲ့ လန်ဒန်မြို့မှာရှိတဲ့ ဩဇာအာဏာကြီးမားတဲ့ မိသားစုတွေဟာ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာအာဏာရလာတာကို ထောက်ခံပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ သူတို့က ဟစ်တလာကို အားပေးခဲ့ပြီး ကျွန်တော့်ရဲ့ဂျူးဘိုးဘေးတွေကို နှိပ်စက်ညှင်းပန်းဖို့ ခွင့်ပြုပေးခဲ့ပါတယ်" ဟု ပြောခဲ့သည်။ 


နီကိုလက်စ်မာဒူရိုသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ၎င်း၏ဂျူးမျိုးရိုးကို လူသိရှင်ကြားထုတ်ပြန်ခဲ့ပြီး ၎င်း၏ အဘိုး၊အဘွား များမှာ ကတ်သလစ်ဘာသာသို့ ပြောင်းခဲ့သော ဆီဖာဒစ်ဂျူးများဖြစ်ကြောင်း ပြောခဲ့သည်။ နီကိုလက်စ်မာဒူရို က "ဟစ်တလာက ဆိုဗီယက်ပြည်ထောင်စုကို ဆန့်ကျင်တိုက်ခိုက်ဖို့ စစ်အင်အားကို ပြင်ဆင်နေတဲ့အချိန်မှာ အနောက်အုပ်စုနိုင်ငံတွေက အထက်တန်းလွှာတွေဟာ ငြိမ်သက်နေခဲ့ကြပါတယ်။ ဟစ်တလာဟာ အနောက် အုပ်စုက ဖန်တီးခဲ့တဲ့ မွန်းစတားတစ်ကောင်ပဲ ဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

ခေတ်သစ်အစ္စရေးသည်လည်း ဟစ်တလာလိုမျိုးဖြစ်လာခဲ့ကြောင်း နီကိုလက်စ်မာဒူရို က ပြောခဲ့သည်။ ၎င်း က "အစ္စရေးရဲ့ရာဇဝတ်မှုဆိုင်ရာစစ်ဆင်ရေးတွေဟာလည်း အနောက်အုပ်စုရဲ့ တူညီတဲ့အားပေးမှု၊ရန်ပုံငွေနဲ့ ထောက်ခံမှုတွေကို ရရှိခဲ့ပါတယ်။ ဟစ်တလာက ဂျူးလူမျိုးတွေအပေါ် လုပ်ဆောင်ခဲ့တဲ့ပုံစံအတိုင်း အစ္စရေးက လည်း ပါလက်စတိုင်းလူမျိုးတွေအပေါ် တစ်ပုံစံတည်း လုပ်ဆောင်နေတယ်လို့ ဘရာဇီးလ်သမ္မတ လူလာဒီလ် ဆေးလ်ဗားက ပြောခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်နေသော အစ္စရေး၏ စစ်ဆင်ရေးများကို လူမျိုးသုဥ◌်းသတ်ဖြတ်မှုတစ်ခုအဖြစ် လူလာဒီလ်ဆေးလ်ဗားက ဖော်ပြပြောဆိုခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ထုတ်လုပ်မည်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved