Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ညွန့်ပေါင်းအစိုးရအသစ် ဖွဲ့စည်းနိုင်ရန် ပါကစ္စတန်နိုင်ငံ၏အင်အားအကြီးဆုံးပါတီကြီးနှစ်ခု သဘောတူညီ

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၂

ပါကစ္စတန်နိုင်ငံ၏အကြီးမားဆုံးနိုင်ငံရေးပါတီ နှစ်ခုသည် ညွန့်ပေါင်းအစိုးရအဖွဲ့ဖွဲ့စည်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် အစိုးရအဖွဲ့ဖွဲ့စည်းနိုင်သော ပါတီမျိုး ထွက်ပေါ်လာခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ 

ထိုအတွက်ကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီများသည် အစိုးရအသစ်ဖွဲ့စည်းနိုင်ရန်အတွက် ညွန့်ပေါင်းဖွဲ့စည်းနိုင် ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပါကစ္စတန်၏အင်အားအကြီးဆုံးပါတီဖြစ်သလို အနိုင်ရ ပါတီ များတွင် ပါဝင်ခဲ့သော PPP ပါတီ နှင့် (PML-N)ပါတီတို့သည်  ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် လက်ရှိအချိန်တွင် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ 

သို့သော်လည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်မဲအများဆုံးအနိုင်ရခဲ့သော ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ပါတီက ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ခြင်းမျိုးမရှိကြောင်း သိရသည်။ PML-N ပါတီ နှင့် PPP ပါတီတို့သည် အစိုးရအသစ်ဖွဲ့စည်းရာတွင် PML-N ပါတီခေါင်းဆောင်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်း သုံးကြိမ်တာဝန်ယူခဲ့ဖူးသော နာဝက်ရှာရစ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ 

PML-N ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာပေါင်း ၇၉ နေရာအနိုင်ရခဲ့ပြီး PPP ပါတီက လွှတ်တော် နေရာပေါင်း ၅၄ နေရာတွင် အနိုင်ရခဲ့ကြောင်း သိရသည်။ အစိုးရအသစ် ဖွဲ့စည်းနိုင်ရန်အတွက် လွှတ်တော်နေရာ ပေါင်း ၂၆၄ နေရာရရှိရန် လိုအပ်နေရာ PPP ပါတီ နှင့် (PML-N) ပါတီတို့သည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် အတွက် အခြားပါတီငယ်များနှင့် ထပ်မံဆွေးနွေးကာ အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရန်ကြိုးပမ်းရဖွယ်ရှိနေသည်။ လူဦးရေ ၂၄၁ သန်းကျော်ရှိနေသည့် ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၊ အကြမ်းဖက်မှုမြင့်တက်ခြင်းများကြောင့် စီးပွားရေးကျဆင်းမှုများရင်ဆိုင်နေရပြီး နိုင်ငံတည်ငြိမ်ရေး အတွက် အခက်အခဲများဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သောသီတင်းပတ်အတွင်းကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း အင်မရမ်ခန်း ဦးဆောင်သော PTI-Ind ပါတီက ရွေးကောက်ပွဲတွင်လွှတ်တော်နေရာပေါင်း ၁၁၆ နေရာရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရေး တွင် ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နှင့်အစ္စရေးတို့၏ သင်္ဘောများကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက် ကိုင်အဖွဲ့ ထုတ်ပြန်ကြေညာ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved