ကျောက်တံတားမြို့နယ်တွင် ကားတိုက်ခံရသည်ဟုယူဆရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
စော(NSS)- ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်တွင် ကားတိုက်ခံရသည်ဟုယူဆရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ အလောင်းကို ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)၊ နံနက် (၇)နာရီဝန်းကျင်အချိန်တွင် ကျောက်တံတားမြို့နယ်၊ ကျောက်လမ်းမပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်ဆီ ဖုန်းဆက်တော့ မနက် (၇)နာရီလောက် ယာဉ်ထိန်းရဲဖုန်းဆက်တာ။ ပိုင်ရှင်တော့မပေါ်ဘူး။ ခေါင်းတောင်ပြားနေပြီ။ ဦးနှောက်တောင်ထွက်နေပြီ။ ကျောက်လမ်းမပေါ်ဆိုတော့ ကုန်တင်ကားနဲ့ထိမယ် ထင်ရတာပဲ။ အဲဒီမှာက ကုန်တင်ကားမောင်းတာများတယ်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအလောင်းမှာ အသက် (၄၀)နှစ်ဝန်းကျင်အရွယ်ရှိပြီး ၎င်းနှင့်ပတ် သက်သည့် မည်သည့်အချက်အလက်မျှ မသိရှိရေသေးကြောင်း အထက်ပါအသင်းကဆိုသည်။ လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးတွင် DRC ရှိ အကြမ်းဖက်မှုများကို အမေရိကန် ရှုတ်ချ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ