Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးတွင် DRC ရှိ အကြမ်းဖက်မှုများကို အမေရိကန် ရှုတ်ချ

ALynn (NSS) - ဖေဖော်ဝါရီ ၁၉ 

အမေရိကန်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် တရိပ်ရိပ်တိုးပွားလာသော အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ပြီး အိမ်နီးချင်း ရဝမ်ဒါမှ ကျောထောက်နောက်ခံပြုထားသည့်လက်နက်ကိုင်အဖွဲ့ကို ပြစ်တင်ရှုတ်ချခဲ့သည်။ မကြာသေးမီရက်များအတွင်း DRC အရှေ့ဘက်ခြမ်းတွင် M23 သူပုန်အဖွဲ့နှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သည်နှင့် အရပ်သားဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာလည်းရှိခဲ့သည်။ တိုက်ပွဲ ကြောင့် အရပ်သားထောင်ပေါင်းများစွာသည် Kivu ရေကန်နှင့် ရဝမ်ဒါနယ်စပ်ကြားရှိ ဂိုမာမြို့သို့ ထွက်ပြေးတိမ်း ရှောင်ကြရသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Matthew Miller က “တိုက်ပွဲသည် တဖြည်းဖြည်း အရှိန်ပြင်းထန်လာသောကြောင့် အရပ်သားများအနေဖြင့် လူအခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှု၊ ရွှေ့ပြောင်း နေထိုင်ရမှု၊ အစာရေစာပြတ်လပ်မှုအပြင် တိုက်ခိုက်ခံရမှု စသော အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း” ထုတ်ပြန်ခဲ့သည်။ 


ထို့ပြင် ယင်းထုတ်ပြန်ချက်၌ “ရဝမ်ဒါ အစိုးရအနေဖြင့် M23 လက်နက်ကိုင်များကို ထောက်ပံ့နေခြင်းအား ရှုတ်ချကြောင်းနှင့် DRC ရှိ ရဝမ်ဒါ ကာကွယ်ရေးတပ်များနှင့် ဝေဟင်ဒုံးစနစ်များသည် အရပ်သားများ၊ UN နှင့် အခြားဒေသတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းတပ်ဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးသူများ ၊ စီးပွားရေးဆိုင်ရာလေကြောင်းလိုင်းများကို ခြိမ်းခြောက်နေသောကြောင့် ချက်ချင်း ရုတ်သိမ်းပေးရန်” တောင်းဆို ထားပါသည်။ ဖေဖော်ဝါရီလ ၁၇ ရက်တွင် DRC အစိုးရက ဂိုမာမြို့ရှိ လေဆိပ်တွင် အရပ်သားလေယာဉ်တစ်စင်းကို ထိခိုက်ပျက်စီးစေသည့် ဒရုန်းတိုက်ခိုက်မှုကို ရဝမ်ဒါက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ 

ရဝမ်ဒါသည် DRC ရှိ ပေါကြွယ်ဝသော တွင်းထွက်သယံဇာတများကို ထိန်းချုပ်ရန်အတွက် သူပုန်များကို ကျောထောက်နောက်ခံပြုပေးထားကြောင်း DRC အစိုးရ၊ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက စွပ်စွဲခဲ့ကြသည်။ တောင်အာဖရိကနိုင်ငံက DRC တပ်ဖွဲ့များကို ထောက်ပံ့ဖို့ တပ်ဖွဲ့ဝင် ၂၉ဝဝ စေလွှတ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြားခဲ့သည်။ 

ရဝမ်ဒါ လူမျိုးသုဥ်းသတ်ဖြတ်မှုအပြီးတွင် DRC သည် ၎င်း၏ သယံဇာတကြွယ်ဝသော အရှေ့ပိုင်းဒေသတွင် ပေါ်ပေါက်လာသည့် သူပုန်အဖွဲ့များစွာနှင့် ဆယ်စုနှစ်များစွာ တိုက်ပွဲဆင်နွှဲနေရသည်။ ၂ဝ၁၂ ခုနှစ် တွင် DRC စစ်တပ်မှ ခွဲထွက်သွားသော M23 သူပုန်များသည် လူမျိုးရေးခွဲခြားဆက်ဆံခံနေရသော တူစီမျိုးနွယ်စုတို့ကို ကာကွယ်ရန်အတွက် တိုက်ပွဲဝင်နေသည်ဟု ဆိုသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပင်လယ်ပြင်စစ်ဆင်ရေးတွင် အရေးသာနေသော ယူကရိန်း

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved