Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်လယ်ပြင်စစ်ဆင်ရေးတွင် အရေးသာနေသော ယူကရိန်း

Alynn (NSS) - ဖေဖော်ဝါရီ ၁၉ 

ရုရှားစစ်သင်္ဘော Caesar Kunikov သည် ၂၀၀၈ ခုနှစ်တွင် ဆင်နွှဲခဲ့သော ရုရှား၏ ဂျော်ဂျီယာ စစ်ဆင်ရေး အပါအဝင် ဆီးရီးယားကမ်းလွန်အထိပါ ပဋိပက္ခအများစုတွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။ သို့သော် ဖေဖော်ဝါရီလ ၁၄ ရက်က ထိုစစ်သင်္ဘောသည် ခရိုင်းမီးယားကျွန်းဆွယ်၌ ရေအနက် ၁၁၂ မီတာသို့ နစ်မြှုပ်သွားပြီဖြစ်ကြောင်း ယူကရိန်းစစ်တပ်က ကြေညာခဲ့သည်။ ထို့ပြင် ၎င်းစစ်သင်္ဘောပေါ်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးက ဗီဒီယိုဖြင့် သက်သေပြခဲ့သည်။ ထိုစစ်သင်္ဘောနစ်မြှုပ်မှုသည် ယူကရိန်း၏ ပထမဆုံးစစ်ရေး အောင်မြင်မှုမဟုတ်သော်လည်း  မြေပြင်တွင် နှစ်ဖက်အကြား အသည်းအသန်ထိုးစစ်ဆင်နေချိန်၌ ထိုသို့ ဖြစ်ပွားခြင်းသည် ယူကရိန်းအတွက် ရေကြောင်းစစ်ဆင်ရေးအရ အသာစီးရယူနိုင်ခဲ့ကြောင်း ပြသနေသည်။ 


ရုရှားသည် ယူကရိန်းတွင် အထူးစစ်ဆင်ရေးစတင်ဆင်နွှဲသည့် ၂၀၂၂ ခုနှစ်မှစတင်၍ ယူကရိန်း နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ရုရှား ပင်လယ်နက်သင်္ဘောအုပ်စုသည် ယူကရိန်းဆိပ်ကမ်းများကို ပိတ်ဆို့ထားနိုင်ခဲ့ပြီး အရေးပါသည့် မြွေကျွန်းကိုလည်း အရယူနိုင်ခဲ့သောကြောင့် ယူကရိန်းအား ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ် တောက်လိုက်သလိုဖြစ်နေသည်။

သို့သော် ယူကရိန်းသည် တဖြည်းဖြည်းနှင့် ရုရှားရေတပ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။ ပထမခြေလှမ်းအနေဖြင့် ရုရှား၏ Moskva စစ်သင်္ဘောကို ၂၀၂၂ ခုနှစ်၊ ဧပြီလက နစ်မြှုပ် ပစ်နိုင်ခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်တွင် မြွေကျွန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ရုရှား စစ်သင်္ဘောများ၊ ထောက်ပံ့ရေယာဉ်များကို ပုံမှန်တိုက်ခိုက်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်တွင် ရုရှား နိုင်ငံနှင့် ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားသော Kerch တံတားကို ဖျက်ဆီးပစ်ခဲ့သည်။ 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာတွင် ရုရှားက ၎င်း၏စစ်သင်္ဘောအုပ်စုကို Sevastopol မှ ဆုတ်ခွာခိုင်း ခဲ့ရသည်။ သို့တိုင်အောင် ယူကရိန်းသည် Novorossiysk ဆိပ်ကမ်းရှိ ရုရှားကမ်းတက်ရေယာဉ်ကို  ဆိုးဆိုးရွားရွားပျက်စီး ဆုံးရှုံးအောင်ပြုလုပ်ခဲ့သည်။ CSIS ၏ အချက်အလက်များအရ စစ်ဖြစ်ချိန်မှစ၍ ရုရှားသည် ၎င်း၏ ပင်လယ်နက် သင်္ဘောအုပ်စုမှ ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိရသည်။ 

ထိုကဲ့သို့ အောင်မြင်မှုများရရှိရန် ယူကရိန်းသည် ပြည်တွင်းထုတ်လက်နက်များအပြင် အနောက် မဟာမိတ်များက ထောက်ပံ့သော လက်နက်များကိုပါ အသုံးပြုခဲ့သည်။ ယူကရိန်းရေတပ်သုံး ဒရုန်းများသည် သေးငယ်ပြီး ထောက်လှမ်းရန် ခက်ခဲသည်။ ထို့ပြင် လိုအပ်လျှင် ပစ်မှတ်များကို ပြောင်းလဲတိုက်ခိုက်နိုင်သည်။ ထိုကဲ့သို့ အစွမ်းထက်သော Magura V5 ဒရုန်းများကို ယူကရိန်းက အမြောက်အများထုတ်လုပ်လျက်ရှိနေပြီး ကာကွယ်ရန် ခက်ခဲသောကြောင့် ရုရှားရေတပ်အတွက် စိန်ခေါ်မှုဖြစ်လာခဲ့သည်။ သို့သော် ယူကရိန်းအနေဖြင့် ပင်လယ်နက်တွင် အသာစီးရမှုသည် စစ်ပွဲတွင် အောင်မြင်မှုရနေသည်ဟု မဆိုသာပေ။ မြေပြင်တိုက်ပွဲများတွင် အပြင်းအထန်ခံစစ်ဖြင့် ရုရှားတပ်များကို တွန်းလှန်နေရသည့်အပြင် အနောက်မဟာမိတ်များ၏ လက်နက်ထောက်ပံ့မှုများအပေါ် အကြီးအကျယ်မှီခိုနေရသောကြောင့် ယူကရိန်းသည် စစ်အောင်နိုင်ရေးနှင့် အလှမ်းဝေးနေဦးမည်ဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ- လာအိုနှစ်နိုင်ငံ အလုပ်သမားကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး

RELATED POSTS
RECENT POSTS
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved