မြန်မာ- လာအိုနှစ်နိုင်ငံ အလုပ်သမားကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၉
မြန်မာ- လာအိုနှစ်နိုင်ငံ အလုပ်သမားကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် လာအိုနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Saleumxay Kommasith အား ဖေဖော်ဝါရီလ(၁၆)ရက်က သွားရောက်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် အစဥ်အလာအရ မြန်မာ- လာအိုနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်စေရေးနှင့် စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေး အပါအဝင် အလုပ်သမားကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆိုထားသည်။
အလားတူ နှစ်နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး၊ ကာကွယ်ရေးကဏ္ဍ နှင့် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးကိုလည်း ဆက်လက်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ထိုင်းအစိုးရရှေ့နေတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း