သြစတြေးလျမှာ တေလာဆွဖ်ရဲ့ဖျော်ဖြေပွဲကိုသွားနေတဲ့ အသက် ၁၆ နှစ်အရွယ် အမာခံပရိသတ်အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီးသေဆုံး
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၈
ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) က အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့မှာ ပြုလုပ်တဲ့ တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲကိုသွားရောက်စဉ် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။
မဲကာပေါ့ကာရီရာ အမည်ရှိ အမျိုးသမီးဟာ ကြာသပတေးနေ့ ညနေ ၆ နာရီမတိုင်ခင် ၎င်းတို့စီးလာတဲ့ကားဟာ semi-trailer ကုန်တင်ထရပ်ကားတစ်စီးနဲ့ တိုက်မိခဲ့ပါတယ်။ မဲကာ ဟာ အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွား ခဲ့ပြီး ထိုင်ခုံနောက်ခန်းမှာထိုင်တဲ့ သူမရဲ့ ၁ဝ နှစ်အရွယ် ညီမဖြစ်သူကတော့ ဒေသတွင်းရှိ ဆေးရုံတစ်ခုမှာ စိုးရိမ်ရတဲ့ အခြေအနေရှိပါတတယ်။
၎င်းတို့ရဲ့မိခင်ဖြစ်သူကတော့ ဒဏ်ရာအနည်းငယ်ရလို့ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုမှာ ဒဘ်ဘိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၃ဝ (၁၈ မိုင်) အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောကြားပါတယ်။
တေလာဆွဖ်ဟာ သူမရဲ့ကမ္ဘာလုံးအနှံ့ဖျော်ဖြေပွဲ "Eras Tour” အတွက် သြစတြေးလျနိုင်ငံ၊ မဲဘုန်းမှာ ဖျော်ဖြေ နေပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်တုန်းကလည်း ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမှာ တေလာဆွဖ်ရဲ့ဖျော်ဖြေပွဲမစမီ ပရိသတ်တစ်ဦး အပူချိန်ကြောင့် လူများတာကြောင့် မွန်းကြပ်ပြီး သေဆုံးမှုဖြစ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မှာ နို့စိမ်းဒိန်ခဲမှတစ်ဆင့် E. coli ဘတ်တီးရီးယား ကူးစက်ခံရသူ ၁ဝ ဦးထိ ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ