အမေရိကန်မှာ နို့စိမ်းဒိန်ခဲမှတစ်ဆင့် E. coli ဘတ်တီးရီးယား ကူးစက်ခံရသူ ၁ဝ ဦးထိ ရှိနေ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၈
အမေရိကန်မှာ နို့စိမ်းဒိန်ခဲနဲ့ ဆက်စပ်ပြီး E. coli ဘက်တီးရီးယားကြောင့် လူ ၁ဝ ဦးထိ ကူးစက်ခံနေရတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများက သောကြာနေ့(ဖေဖော်ဝါရီ ၁၆ ရက်) က အစား အသောက်ဘေးကင်းရေးသတိပေးချက်မှ ပြောကြားခဲ့ပါတယ်။
ဒီကူးစက်မှုကြောင့် လူလေးဦးကို ဆေးရုံတင်ထားရပြီး လူတစ်ဦးမှာ ကျောက်ကပ် ပျက်စီးနိုင်တဲ့ hemolytic uremic syndrome ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဆိုပါကူးစက်ခံရသူများထဲမှ ခြောက်ဦးဟာ RAW FARM အမှတ်တံဆိပ် cheddar ဒိန်ခဲ စားခဲ့တယ်လို့ သိရပါတယ်။ CDC က ရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေပြီး RAW FARM အမှတ်တံဆိပ် ဒိန်ခဲတွေကို စားသုံးခြင်းမပြုဖို့ အကြံပြုထားပါတယ်။
RAW FARM ကုမ္ပဏီဟာလည်း US Food and Drug Administration နဲ့ ပူးပေါင်းပြီး ၎င်းတို့ထုတ်ကုန်တွေကို ပြန်လည်သိမ်းဆည်းနေတယ်လို့ CDC မှ ပြောကြားခဲ့ပါတယ်။ ပိုးသတ်မထားတဲ့ နို့ထွက်ထုတ်ကုန်တွေဟာ Listeria၊ Salmonella နဲ့ E. coli လို အန္တရာယ်ရှိ ဘတ်တီးရီးယားတွေကို မွေးဖွားနိုင်ပါတယ်။
E. coli ဘက်တီးရီးယားဟာ လူနဲ့ တိရစ္ဆာန်တို့ရဲ့ အူထဲမှာ နေထိုင်နိုင်ပြီး ကြွက်တက်ခြင်း၊ သွေးထွက်လွန်ပြီး ဝမ်းလျှောခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန်မှာ နှစ်စဉ် E. coli ကူးစက်မှု ၂၆၅,ဝဝဝ ခန့်ဖြစ်ပွားလေ့ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ