အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို နစက ဖွဲ့စည်း
Pearl (NSS) - ဖေဖော်ဝါရီ ၁၇
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။
အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယင်းဥပဒေ ပုဒ်မ ၁၂ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ဒုဥက္ကဋ္ဌ(၁)အဖြစ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ(၂)အဖြစ် စစ်ရေးချုပ် ၊ စစ်ရေးချုပ်ရုံးက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ(၁)၊ ဒုဥက္ကဋ္ဌ(၂) နှင့် အဖွဲ့ဝင်(၈)ဦး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းထားသည်။
အရန်တပ်ဖွဲ့ ဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်၍ အာဏာတည်စေရမည်ဟု နစကမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
နစကက ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် တိုင်းနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားမှာ စွန့်ပစ်ထားတဲ့ ပလတ်စတစ်ဘူးတွေကို တံမြက်စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း