ကမ္ဘောဒီးယားမှာ စွန့်ပစ်ထားတဲ့ ပလတ်စတစ်ဘူးတွေကို တံမြက်စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၇
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ရှိ ဂိုဒေါင်ငယ်တစ်ခုမှာ အလုပ်သမားတစ်စုက ပလက်စတစ်ဘူးတွေကို အမွှေးအမှင်တွေအဖြစ်ပြောင်းလဲကာ တံမြတ်စည်း ထုတ်လုပ်နေပါတယ်။
ကမ္ဘောဒီးယား စွန့်ဦးတီထွင်သူ ဟက်ခဲက နေ့စဉ်နဲ့အမျှ ပွဖောင်းလာတဲ့ ပလတ်စတစ်အမှိုက်တွေကို သတိပြုမိပြီးနောက် ဒီအကြံဉာဏ်ကို ရခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၁ လတာကာလအတွင်း ၎င်းတို့ဟာ စွန့်ပစ်ထားတဲ့ ပလတ်စတစ်ပုလင်းတန်ချိန် ၄၀ ခန့်ကို တံမြက်စည်းတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီတံမြက်စည်းတွေဟာ ပုံမှန် တံမြတ်စည်းတွေထက် ပိုခိုင်ခံ့ပြီး မကျိုးလွယ်ဘူးလို့ ဆိုပါတယ်။
အဆိုပါ တံမြက်စည်းတစ်ချောင်းကို ၁ဝဝဝဝ ရီယဲလ် မှ ၁၅ဝဝဝ ရီယဲလ် ထိစျေးနှုန်းနဲ့ ရောင်းချပါတယ်။ ပြုလုပ်ပုံကတော့ ပလတ်စတစ်ပုံးအကန့်တွေကို ရေနွေးနဲ့ပျော့အောင်လောင်းချပြီး သတ္တုဝါယာကြိုးတွေနဲ့အညီအမျှလှီးဖြတ်ကာ တံမြက်စည်းအမျှင်များအဖြစ် ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ၎င်းတို့က ဒီအလုပ်ကြောင့် ပလတ်စတစ်အမှိုက်ညစ်ညမ်းမှု တစ်နေ့ကို တန်ချိန် ၃၈,၀၀၀ အထိ လျှော့ချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
"ဒါက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချဖို့ ကူညီပေးနိုင်ပြီး လူတွေအတွက်လည်း ပိုကောင်းတဲ့ အသက်မွေးဝမ်းကြောင်း ရအောင် ပလတ်စတစ်ဘူးတွေကို စျေးပိုမြင့်ပြီး ရောင်းချဖို့ တိုက်တွန်းပါတယ်”လို့ မစ္စတာခဲက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီဂျစ်အစိုးရက ဂါဇာကမ်းမြောင်ဒေသနှင့်ထိစပ်နေသော နယ်စပ်အနီးတွင် တံတိုင်းများကို စတင်ဆောက်လုပ်နေဟုဆို
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ