ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုဒေါင်(၂)လုံး မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုဒေါင်(၂)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၇ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရက်ကွက်၊ မြိတ်လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်မှုဖြစ်စဉ်ကိုတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိအချိန်မှာတော့ ပလပ်စတစ်တွေထားတဲ့ ဂိုဒေါင်(၂)လုံး မီးလောင်သွားတယ်” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ပလုံရောင်းဝယ်ရေးလုပ်ငန်းမှ ပစ္စည်းများထားသည့် ဂိုဒေါင်(၂)လုံးသည် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ၎င်းမီးလောင်မှုဖြစ်စဉ်ကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းနှင့် အခြားအသင်းအဖွဲ့အများက မိနစ်(၃၀)ခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို ယူရို (၃)ဘီလျံကူညီထောက်ပံ့ပေးမယ့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို ပြင်သစ်သမ္မတ လက်မှတ်ရေးထိုး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ