ယူကရိန်းကို ယူရို (၃)ဘီလျံကူညီထောက်ပံ့ပေးမယ့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို ပြင်သစ်သမ္မတ လက်မှတ်ရေးထိုး
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၇
ပြင်သစ် နဲ့ ယူကရိန်းတို့ဟာ လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းနဲ့ ပြင်သစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေထဲမှာ ယူကရိန်းကို စစ်ရေးအကူညီယူရို (၃)ဘီလျံပေးမယ့် အစီအစဉ်လည်းပါဝင်နေကြောင်း သိရပါတယ်။ အဲဒီသဘောတူညီချက်အရ ပြင်သစ်ဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးမယ့်အပြင် ယူကရိန်းစစ်သားတွေကိုလည်း လေ့ကျင့်သင်ကြားပေးမယ်လို့ ဆိုပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ဟာ ယူကရိန်းသမ္မတ နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့လုံခြုံရေးဆိုင်ရာသဘောတူညီချက်အရ ၂၀၂၄ ခုနှစ်အတွင်းမှာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ယူရို (၃) ဘီလျံကူညီထောက်ပံ့ပေးမယ်လို့ကြေညာခဲ့ပါတယ်။ ဥရောပထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ဂျာမနီတို့ဟာ ယူကရိန်းနဲ့ လုံခြုံရေးဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြင်သစ်ဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေကူညီထောက်ပံ့ပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဟာလည်း အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ ယူကရိန်းနိုင်ငံရဲ့ကာကွယ်ရေး စွမ်းရည်တွေ ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ယူကရိန်းကို စစ်ရေးအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ပြင်သစ်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ရုရှားကို ထိုးစစ်ဆင်နေပေမယ့် မျှော်လင့်သလောက် ရလဒ်မကောင်းဘဲ စစ်လက် နက်ပစ္စည်းကုန်ခမ်းမှုတွေရှိနေရာ အနောက်အုပ်စုနိုင်ငံတွေထံ အကူအညီတောင်းခံနေရဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို နစက ဖွဲ့စည်း
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း