တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း (၄၀ဝ)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၃၆)ဦး အထိရှိ
စော (NSS) - ဖေဖော်ဝါရီ ၁၇
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှု ပေါင်း (၄၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အကြိမ်ရေ အနည်းငယ် မြင့်တက်လာကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယာဉ်တိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ (၂၃၆)ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူဦးရေမှာ (၅၆၄)ဦး ရှိခဲ့ ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။ ယာဉ်တိုက် မှုများအနက် ရန်ကုန်တိုင်းတွင် (၇၈)ကြိမ်ဖြင့် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး (၄၄)ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း(၁၈)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၅)ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၃၇)ဦးရှိခဲ့ကြောင်း သိရသည်။
"(၁၈)မှုထဲမှာ အများဆုံးဖြစ်တဲ့ပြစ်မှုက ယာဉ်မောင်းရဲ့ မဆင်မခြင်အရှိန်လွန်မောင်းနှင်တာတွေ၊ သတ်မှတ်ထားတဲ့ အရှိန်နှုန်းတွေထက် ကျော် လွန်မောင်းနှင်တာတွေကြောင့် ဖြစ်တာများတယ်။ နောက်ပြီး ဒီ(၁၈)မှုထဲမှာ ဘီးပေါက်ပြီးတော့ ကားက အရှိန်ရပ်သွားတာ၊ ကားလိမ့်သွားတဲ့ ဖြစ်စဉ်က (၅)မှုလောက် ရှိပါတယ်"ဟု နေပြည်တော်ရှိ အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယခင်နှစ် ၂၀၂၃ ခုနှစ်၊ အလားတူကာလ၌ ယာဉ်တိုက်မှုပေါင်း (၄၂၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံး သူပေါင်း (၂၃၀)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၅၆၄)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မြေပြင်တွင် ယူကရိန်းက ပြည်တွင်းထုတ် ဒရုန်းများကို ပိုမိုသုံးစွဲမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ