Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်မြေပြင်တွင် ယူကရိန်းက ပြည်တွင်းထုတ် ဒရုန်းများကို ပိုမိုသုံးစွဲမည်

ALynn (NSS) - ဖေဖော်ဝါရီ ၁၇

ယူကရိန်းသည် ၎င်း၏ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကို ပြောင်းလဲခဲ့သည့်အပြင် စစ်ဗျူဟာ အပြောင်းအလဲများ ပြုလုပ်ရန်လည်း ကြေညာခဲ့ သည်။


မကြာမီကလည်း အမေရိကန်အထက် လွှတ်တော်က ယူကရိန်းအတွက် အထောက်အပံ့ များပေးအပ်ရန် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယူကရိန်းသမ္မတသည် ခြေလျင်တပ်ချုပ် Oleksandr Syrskii ကို စစ်ဦးစီးချုပ်အဖြစ် ဖေဖော် ဝါရီလ ၈ ရက်က ခန့်အပ်လိုက်ပြီး ယခင်ဦးစီးချုပ် Zaluzhny ကိုလည်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တောင်းဆိုထားသည်။ 

ယခင်ဦးစီးချုပ် Zaluzhny သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သော ရုရှားတို့၏ အထူး စစ်ဆင်ရေးကို ပြန်လည်ခုခံခဲ့ပြီး ဩဂုတ်လတွင် ရုရှားတို့ သိမ်းပိုက်ထားသော ၁၅၀ဝ စတုရန်း ကီလို မီတာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် လူသိ များလာခဲ့သည်။ သို့သော် ယခုအခါ ယူကရိန်းတပ်ဖွဲ့ များသည် စစ်နွံထဲမှ ရုန်းမထွက်နိုင်ရှိနေကြပြီး ပြီးခဲ့ သည့်နွေရာသီက ရုရှားရှေ့တန်းကို နှစ်ပိုင်းဖြစ်အောင် ခွဲရန်တန်ပြန်ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

စစ်ဦးစီးချုပ်သစ် Syrskii က ယနေ့ခေတ် တိုက်ပွဲများတွင် ဒရုန်းနှင့် အီလက်ထရောနစ် စစ်ပွဲ များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ် ကြောင်းပြောခဲ့သည်။ ယူကရိန်းသည် ယခုနှစ်အတွင်း ဒရုန်းအငယ်စားသန်းနှင့်ချီတည်ဆောက်ရန် ရည်မှန်း ထားသည်။ ဝန်ကြီးချုပ် Denys Shmyal က ဖေဖော် ဝါရီလ ၁၃ ရက်တွင်ပြုလုပ်သည့် ဘတ်ဂျက်အစည်းအဝေး၌ "အစိုးရ ၏ အဓိကရည်မှန်းချက်မှာ နည်းပညာမြင့် ကာကွယ်ရေးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရန်ဖြစ်ပြီး ဒရုန်းတစ်မျိုးတည်းအတွက် ကန်ဒေါ်လာ တစ်ဘီလျံ သုံးစွဲသွားမည်"ဟု ပြောကြားခဲ့သည်။

ယူကရိန်းပြည်တွင်း၌ တည်ဆောက်သည့် ဒရုန်းအရေအတွက်မှာ တဖြည်း ဖြည်းတိုးပွားလျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တစ်လတည်းမှာပင် ၂၀၂၂ တစ်နှစ်လုံးထက် အဆ ၅၀ ပိုများလာသည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး ဌာနသည် ယူကရိန်း ပုဂ္ဂလိကပညာရှင်များကိုပါ ဖိတ်ခေါ်ပြီး လက်နက် နည်းပညာများ ပိုမိုတီထွင်ဆန်းသစ်နိုင်ရန် ကြိုးပမ်းခဲ့ သည်။ ရလဒ်အနေဖြင့် တာဝေးပစ် ဒရုန်းနှစ်စင်းသည် Krasnodar Krai မြို့ရှိ ရုရှားရေနံချက်စက်ရုံများကို တိုက်ခိုက်နိုင်ခဲ့ပြီး ယူကရိန်းရေတပ်သုံး ဒရုန်းများ သည် ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားကမ်းတက် သင်္ဘော Caesar Kunikov  ကို နစ်မြှုပ်ပစ်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ယူကရိန်းထောက် လှမ်းရေးတပ်သည်Magura ဒရုန်း ၆ စင်းသုံး၍ ရုရှား စစ်သင်္ဘော Ivanovets ကို နစ်မြှုပ်စေခဲ့သည်။ 

Syrskii က "ကျွန်ုပ်တို့အနေဖြင့် နည်းဗျူဟာပိုင်းကို မြှင့်တင်ရန်လိုအပ်မည်ဖြစ်ပြီး အဓိက ဦးစားပေးမှာမူ ကျွနု်ပ်တို့၏ စစ်သည်များကို စောင့် ရှောက်ကာကွယ်ရန်ဖြစ်သည်"ဟု ပြောခဲ့သည်။ ထို့ပြင် ၎င်းသည် မဟာမိတ်များအပေါ်သာ မှီခိုအားထားခြင်းမပြုသင့်ဘဲ ကိုယ့်အားကိုယ်ကိုးရန် အလေး ပေး ပြောကြားခဲ့သည်။ မကြာသေးခင်က အမေရိကန်အထက်လွှတ်တော်သည် အမျိုးသား ကာကွယ်ရေးဥပဒေမူကြမ်းကို အတည်ပြုခဲ့ပြီး ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၆ ဘီလျံ အထောက်အပံ့ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။ ဥပဒေကြမ်းသည် အောက်လွှတ်တော်၏ အတည် ပြုချက်ရယူရန်လည်း လိုအပ်မည်ဖြစ်ပြီး ထရမ့်၏ မဟာမိတ်၊ အောက်လွှတ် တော်ဥက္ကဋ္ဌ Mike Johnson  က "၎င်းအနေဖြင့် ယူကရိန်းထံ အထောက်အပံ့ များပေးရန် စဉ်းစားသွားမည်မဟုတ်ကြောင်းနှင့် လျာထားငွေ၏ ၈၄ ရာခိုင် နှုန်းကိုလည်း အမေရိကန် ကာကွယ်ရေးလုပ်ငန်းများတွင်သာ အသုံးပြုသွား မည်"ဟု ဖော်ပြခဲ့သည်။ 

ထရမ့်သည် နေတိုးမဟာမိတ်နိုင်ငံများကို ကာကွယ်ရန် သုံးစွဲသည့် အသုံးစရိတ် အပါအဝင် ဥရောပရှိ အမေရိကန်ကာကွယ်ရေးအသုံးစရိတ်များကို ဖြတ်တောက်ပြီး ပြည်တွင်း ကာကွယ်ရေးကဏ္ဍတွင် ပိုမိုသုံးစွဲရန် စည်းရုံးမဲဆွယ်ခဲ့သည်။ သို့သော် ဘိုင်ဒန်က "ထရမ့်သည် ရုရှားသမ္မတ ပူတင်အား နေတိုးမဟာမိတ်နိုင်ငံများကို ကျူးကျော်သိမ်းပိုက်ရန် ဖိတ်ခေါ်နေသည်"ဟု တုံ့ပြန်ခဲ့သည်။  

Financial Times က ယူကရိန်းသည် အမြောက်များပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဖော်ပြခဲ့ပြီး ယူကရိန်း၏ လေကြောင်းရန်ကာကွယ် ဒုံးကျည်များသည်လည်း မတ်လတွင် ပြတ်လပ်သွား နိုင်ကြောင်း New York Times သတင်းစာက ဖော်ပြ ခဲ့သည်။ လတ်တလောတွင် ရုရှားတပ်ဖွဲ့များသည် အရှေ့ဘက်ရှိ ယူကရိန်း ခံစစ်များကို အပြင်းအထန် ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး တစ်ရက်လျှင် အကြိမ် ၁၀ဝ ထက်မနည်း ထိုးစစ်ဆင်နေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းမှာအသတ်ခံရတဲ့ မြန်မာတစ်ယောက်ရဲ့ ဇာတ်လမ်း ၊ AA ရဲ့ ဒေါက်တာ ညိုထွန်းအောင် သေဆုံးပြီဆိုတဲ့သတင်း ဟုတ် - မဟုတ် ၊ စစ်မှုထမ်းဥပဒေကို ကြောက်စိတ်ဝင်နေတဲ့ NUG (၁၆-၂-၂ဝ၂၄)

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved