Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုက်ခိုက်ရေးရေငုပ်သင်္ဘောနှစ်စီး ပိုင်ဆိုင်ထားပြီး ဒုံးပျံတင်ဖရီးဂိတ်များကိုပါ ထုတ်လုပ်နိုင်ပြီဖြစ်၍ တိုက်ပွဲဝင်နိုင်စွမ်းအဆင့်သို့ ရောက်နေပြီဟု တပ်ချုပ်အသိပေး

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၅

တပ်မတော်(ရေ)၌ တိုက်ခိုက်ရေးရေငုပ်သင်္ဘောနှစ်စီး ပိုင်ဆိုင်ထားသကဲ့သို့ ဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ်များကိုပါ ထုတ်လုပ်နိုင်ပြီဖြစ်၍ တိုက်ပွဲဝင်နိုင်စွမ်းအဆင့်သို့ ရောက်နေပြီဟု တပ်ချုပ်က အသိပေးပြောဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ပြုလုပ်သော (၇၅)နှစ် မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်အခမ်းအနားတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်(ရေ)ကို ယခင်က စစ်ရေယာဉ်(မေယု)ဖြင့် စတင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်မှစ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ကာ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များမှတစ်ဆင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲကာ ကိုယ်တိုင်တည်ဆောက်နိုင်သည့် စစ်ရေ ယာဉ်များအဖြစ်သို့ တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ထို့ပြင် လွန်ခဲ့သည့် (၇၅)နှစ်မှစပြီး အဆင့်ဆင့်တည်ဆောက်လာခဲ့သည်မှာ ယခုအခါတွင် ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ်များကိုပါ ကိုယ်တိုင်တည်ဆောက်ပြီး တိုက် ပွဲဝင်နိုင်စွမ်းအဆင့်ရောက်ရှိရန် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် တပ်မတော်(ရေ)အနေဖြင့် ရေအောက်စစ်ဆင်ရေးကဏ္ဍအတွက် အရေးကြီးသည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော(၂)စီးကို ရရှိထားပြီး ဒေသတွင်း၌ ရေ ငုပ်သင်္ဘောလက်ဝယ်ပိုင်ဆိုင်သည့်ရေတပ်အဖြစ် ရပ်တည်ထားကြောင်း သိရသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးအာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက်ပိုင်ဆိုင်ခြင်းပင်ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သော သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်အဆင့်သို့ ရောက်ရှိနေပြီဟု ၎င်းကပြောသည်။

ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကျက်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ်တည်ဆောက်လျက်ရှိပြီး ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့်ရေတပ်အဖြစ် မျှော်မှန်းတည်ဆောက်သွားမည်ဟုလည်း တပ်ချုပ်က အသိပေးပြောဆိုခဲ့သည်။


zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းတိုင်းရှိ မြို့နယ်(၂)ခုမှ ဌာနဆိုင်ရာရုံးများအတွင်းသို့ အကြမ်းဖက်များဝင်ရောက်၍ ရုံးပိုင်ပစ္စည်းများကို ခြိမ်းခြောက်လုယက်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved