Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ကိုင်းတိုင်းရှိ မြို့နယ်(၂)ခုမှ ဌာနဆိုင်ရာရုံးများအတွင်းသို့ အကြမ်းဖက်များဝင်ရောက်၍ ရုံးပိုင်ပစ္စည်းများကို ခြိမ်းခြောက်လုယက်

NP News - ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းရှိ ဆားလင်းကြီးမြို့နှင့် ရေဦးမြို့တို့မှ ဌာနဆိုင်ရာရုံးများအတွင်းသို့ အကြမ်းဖက်များ ဝင်ရောက်ကာ ရုံးပိုင်ပစ္စည်းများကို ခြိမ်းခြောက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။

နစကမှ ဒီဇင်ဘာလ(၂၄)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၂)ရက်၊ ည(၁၁)နာရီခွဲအချိန်တွင် ဆားလင်းကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၏ ရုံးဝင်းအတွင်းသို့ အကြမ်းဖက်များ ဝင်ရောက် လာကြောင်း နစကမှ ဆိုထားသည်။ ထို့နောက် ရုံးကားဂိုထောင်အတွင်း သိမ်းထားသည့် ဌာနပိုင် New Holland 40HP အမျိုးအစား လယ်ထွန်စက်(၂)စီး၊ (၇)ပေရှိသော Rotavator တစ်လက်၊ Toobox တစ်ခု၊ Air Compressor တစ်လုံးနှင့် ဒီဇယ်ဂါလံ(၃ဝဝ)တို့ကို လုယူထွက်ပြေးခဲ့ကြောင်း နစကမှ သိရသည်။

ထို့ပြင် အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်သမဝါယမရုံးအတွင်းသို့ တံခါးများ ဖျက်ဆီးကာဝင်ရောက်ပြီး ရုံးအတွင်းသိမ်းဆည်းထားသည့် CD-100 N အမျိုးအစား လက်တွန်းထွန်စက်(၁)စီး၊ RISO မိတ္တူကူးစက် (၁)လုံး၊ ရေမော်တော်(၁)လုံး၊ ပန်ကာ(၁) ခုနှင့် ဖိုင်ဘာခုံအလုံး(၁ဝဝ) တို့အား ထပ်မံလုယက်ယူဆောင်ခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့နောက် အဆိုပါရုံးအတွင်းရှိ “ရွှေပြည်လင်း” သမဝါယမအသင်း အရောင်းဆိုင်အတွင်းမှ Legal စက္ကူပုံး(၃)ပုံး၊ A4 စက္ကူပုံး(၃)ပုံးနှင့် ကျောင်းသုံး စာရေးကိရိယာမျိုးစုံ ခန့်မှန်းတန်ဖိုး (၅)သိန်းကျပ်ခန့်တို့အား လုယက်ခဲ့ကြောင်း နစကမှ သိရသည်။

အလားတူ ဒီဇင်ဘာလ(၂၃)ရက်၊ နံနက်(၆)နာရီအချိန်တွင် ရေဦးမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ မျိုးသန့်ခြံဝင်းအတွင်းရှိ အလုပ်သမားများ ဖြစ်သည့် ဦးမျိုးလွင်နှင့် ဦးမောင်ထွန်းတို့(၂)ဦး ရှိနေစဉ် အကြမ်းဖက်များ ဝင်ရောက် လာကြောင်း သိရသည်။ ထို့နောက် ၎င်းတို့(၂)ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ ခြံအတွင်းအသုံးပြုနေသည့် New Holland 50Hp အမျိုးအစား လယ်ထွန်စက် (၁)စီးနှင့် ဦးမျိုးလွင်၏ လက်ကိုင်ဖုန်းတို့အား လုယက်ယူဆောင်ထွက်ပြေးခဲ့ပြီး ခြံဝင်ပေါက်တွင် လက်လုပ်မိုင်း(၂)လုံး ထောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထိုသို့ ဌာနဆိုင်ရာရုံးများမှ ဌာနပိုင်မော်တော်ယာဉ်များ အပါအဝင် ရုံးအသုံးအ ဆောင်ပစ္စည်းများကို လုယက်ယူဆောင်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။


zawgyi version

စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္(၂)ခုမွ ဌာနဆိုင္ရာ႐ုံးမ်ားအတြင္းသို႔ အၾကမ္းဖက္မ်ားဝင္ေရာက္၍ ႐ုံးပိုင္ပစၥည္းမ်ားကို ၿခိမ္းေျခာက္လုယက္

NP News - ဒီဇင္ဘာ ၂၅

စစ္ကိုင္းတိုင္းရွိ ဆားလင္းႀကီးၿမိဳ႕ႏွင့္ ေရဦးၿမိဳ႕တို႔မွ ဌာနဆိုင္ရာ႐ုံးမ်ားအတြင္းသို႔ အၾကမ္းဖက္မ်ား ဝင္ေရာက္ကာ ႐ုံးပိုင္ပစၥည္းမ်ားကို ၿခိမ္းေျခာက္လုယက္ခဲ့ေၾကာင္း သတင္းရရွိသည္။

နစကမွ ဒီဇင္ဘာလ(၂၄)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္ သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၂)ရက္၊ ည(၁၁)နာရီခြဲအခ်ိန္တြင္ ဆားလင္းႀကီးၿမိဳ႕နယ္ စက္မႈလယ္ယာဦးစီးဌာန၏ ႐ုံးဝင္းအတြင္းသို႔ အၾကမ္းဖက္မ်ား ဝင္ေရာက္ လာေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ ႐ုံးကားဂိုေထာင္အတြင္း သိမ္းထားသည့္ ဌာနပိုင္ New Holland 40HP အမ်ိဳးအစား လယ္ထြန္စက္(၂)စီး၊ (၇)ေပရွိေသာ Rotavator တစ္လက္၊ Toobox တစ္ခု၊ Air Compressor တစ္လုံးႏွင့္ ဒီဇယ္ဂါလံ(၃ဝဝ)တို႔ကို လုယူထြက္ေျပးခဲ့ေၾကာင္း နစကမွ သိရသည္။

ထို႔ျပင္ အမွတ္(၃)ရပ္ကြက္ရွိ ၿမိဳ႕နယ္သမဝါယမ႐ုံးအတြင္းသို႔ တံခါးမ်ား ဖ်က္ဆီးကာဝင္ေရာက္ၿပီး ႐ုံးအတြင္းသိမ္းဆည္းထားသည့္ CD-100 N အမ်ိဳးအစား လက္တြန္းထြန္စက္(၁)စီး၊ RISO မိတၱဴကူးစက္ (၁)လုံး၊ ေရေမာ္ေတာ္(၁)လုံး၊ ပန္ကာ(၁) ခုႏွင့္ ဖိုင္ဘာခုံအလုံး(၁ဝဝ) တို႔အား ထပ္မံလုယက္ယူေဆာင္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ အဆိုပါ႐ုံးအတြင္းရွိ “ေ႐ႊျပည္လင္း” သမဝါယမအသင္း အေရာင္းဆိုင္အတြင္းမွ Legal စကၠဴပုံး(၃)ပုံး၊ A4 စကၠဴပုံး(၃)ပုံးႏွင့္ ေက်ာင္းသုံး စာေရးကိရိယာမ်ိဳးစုံ ခန႔္မွန္းတန္ဖိုး (၅)သိန္းက်ပ္ခန႔္တို႔အား လုယက္ခဲ့ေၾကာင္း နစကမွ သိရသည္။ အလားတူ ဒီဇင္ဘာလ(၂၃)ရက္၊ နံနက္(၆)နာရီအခ်ိန္တြင္ ေရဦးၿမိဳ႕နယ္၊ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာန မ်ိဳးေစ့ဌာနခြဲ မ်ိဳးသန႔္ၿခံဝင္းအတြင္းရွိ အလုပ္သမားမ်ား ျဖစ္သည့္ ဦးမ်ိဳးလြင္ႏွင့္ ဦးေမာင္ထြန္းတို႔(၂)ဦး ရွိေနစဥ္ အၾကမ္းဖက္မ်ား ဝင္ေရာက္ လာေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔(၂)ဦးအား ေသနတ္မ်ားျဖင့္ ၿခိမ္းေျခာက္၍ ၿခံအတြင္းအသုံးျပဳေနသည့္ New Holland 50Hp အမ်ိဳးအစား လယ္ထြန္စက္ (၁)စီးႏွင့္ ဦးမ်ိဳးလြင္၏ လက္ကိုင္ဖုန္းတို႔အား လုယက္ယူေဆာင္ထြက္ေျပးခဲ့ၿပီး ၿခံဝင္ေပါက္တြင္ လက္လုပ္မိုင္း(၂)လုံး ေထာင္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထိုသို႔ ဌာနဆိုင္ရာ႐ုံးမ်ားမွ ဌာနပိုင္ေမာ္ေတာ္ယာဥ္မ်ား အပါအဝင္ ႐ုံးအသုံးအ ေဆာင္ပစၥည္းမ်ားကို လုယက္ယူေဆာင္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားကို ေဖာ္ ထုတ္ဖမ္းဆီးရမိႏိုင္ေရးအတြက္ နယ္ေျမခံ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရီးသည်တင် YBS ကားတစ်စီး တိမ်းမှောက်မှု မင်္ဂလာဒုံမြို့နယ်၌ ဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved