ကျောက်တန်းမြို့နယ်တွင် (၂)ထပ်တိုက်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၂)ထပ်တိုက်အိမ်တစ်လုံး၏ အပေါ်ထပ်တစ်ထပ်လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သော်တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်)၊ နံနက် ၈နာရီအချိန်တွင် ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မီးလောင်တာက (၂)ထပ်အိမ်အပေါ်ထပ်က စလောင်တာ။ ဘယ်လိုစလောင်လဲတော့မသိပေမဲ့ ဖိနပ်တွေထားတဲ့အခန်းကနေ ပေါ့ဆမီးလို့တော့ ယူဆရတယ်”ဟု သော်တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း (၂)ထပ်တိုက်လူနေအိမ် အပေါ်ထပ်တစ်ထပ်လုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “လူထိခိုက်မှုတော့မရှိတော့ပါဘူး။ မီးများတယ်။ ပစ္စည်းတွေလည်းပါသွားတယ်။ မီးသတ်က Level 1 ခေါ်ပြီး မီးငြှိမ်းလိုက်ရတယ်”ဟု ၎င်းကဆက် လက်ပြောသည်။
ထို့ကြောင့် ၎င်းမီးလောင်မှုဖြစ်စဉ်ကို ကျောက်တန်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက Level 1 အဆင့်ဖြင့် မိနစ်(၃၀)ခန့်အကြာသွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်ကောင်စီအပါအဝင် တိုင်း နှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဆက်လက်ဖွဲ့စည်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ