နေပြည်တော်ကောင်စီအပါအဝင် တိုင်း နှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဆက်လက်ဖွဲ့စည်း
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၅
နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဆက်လက်ဖွဲ့စည်းလိုက်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစကသည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ယခုကဲ့သို့ တိုင်းနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို ဆက်တိုက်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိပြီး စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၍ ၎င်းဥပဒေကို အကောင်အထည်ဖော်ရန် ပုဒ်မ ၇ အရ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နစကမှ ဆိုသည်။
နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ယူမည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တာဝန်ယူမည်ဖြစ် ကြောင်း သိရသည်။
အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကိုလည်း ထပ်မံဖွဲ့စည်းလိုက်ပြီး ၎င်းအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၏ ဝန်ကြီးချုပ်များက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေရာမှာထပ်ပြီး ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ဆိုရင် ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒါ့ပြင် မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာအဆင့်တွေ ဖွဲ့စည်းသွားမှာဖြစ်တယ်။ စနစ်တကျ ခေါ်ယူမှာဖြစ်ပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သော လူဦးရေးသည် (၁၄)သန်းခန့်ရှိပြီး သင်တန်းအမှတ်စဉ်(၁)တွင် လူအင်အား(၅၀၀၀)ဖြင့် စစ်ပညာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာကန့်ကွက်နေသည့်တိုင် ဂါဇာတောင်ပိုင်းမြို့ကို အစ္စရေး အင်အားပြည့် မြေပြင်ထိုးစစ်ဆင်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း