Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတကာကန့်ကွက်နေသည့်တိုင် ဂါဇာတောင်ပိုင်းမြို့ကို အစ္စရေး အင်အားပြည့် မြေပြင်ထိုးစစ်ဆင်

Htay Oung (NSS) - ‌ဖေ‌ဖော်ဝါရီ ၁၅

တနင်္လာနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)စောစောပိုင်း အစ္စရေးတို့က သူတို့ဝိုင်းရံပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်ဒေသတောင်ပိုင်း ရာဖာမြို့ကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တို့ ပြန်ပေးဆွဲသွားခဲ့တဲ့ အစ္စရေး-အာဂျင်တီးနား ဓားစာခံနှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။ ဂျူးစစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းအရပ်သား ၆၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက သတင်းထုတ်ပြန်တယ်လို့ “ဒွိုက်၀ယ်လီ“ ဂျာမန်သတင်းစာက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) မှာ ရေးသားပါတယ်။


နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူနှစ်ဦး လွတ်မြောက်လာတဲ့အတွက် အစ္စရေးကို ကျေးဇူးတင်ကြောင်း အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ နောက်ဆုံး ခံတပ်ဖြစ်နေတဲ့ ရာဖာမြို့မှ အကြမ်းဖက်တပ်များအပေါ် အင်အားအပြည့်သုံးပြီး အရယူဖို့ ရည်မှန်းထားတယ်လို့ နောက်ဆက် တွဲ မြေပြင်ကျူးကျော်၀င်ရောက်များ ရှိလာတော့မှာဖြစ်ကြောင်း ရည်ညွှန်းပြီး အမေရိကန် အင်န်ဘီစီ ရုပ်သံ ကွန်ရက်နဲ့ တွေ့ဆုံစဉ်အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။ အစ္စရေးရဲ့ မြေပြင်ထိုးစစ်အစီအစဉ်ဟာ နိုင်ငံတကာနဲ့ အကူအညီပေးရေး အေဂျင်စီများရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပြီး အဓိကမဟာမိတ်နိ်ုင်ငံတွေကတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဂါဇာကမ်းမြှောင်ဒေသကို မြောက်ပိုင်းမှစတင်ခဲ့တဲ့ အစ္စရေးတပ်များရဲ့ မြေပြင်ထိုးစစ်ဟာ တောင်ပိုင်းကို ဆက်တ်ုက်တိုးချဲ့လာနေပါတယ်။ ကမ်းမြှောင်ဒေသနေ အသက်လုထွက်ပြေးနေရတဲ့ လူဦးရေ ၂ ဒသမ ၃ သန်းအနက် ထက်၀က်ကျော်တို့အတွက် ရာဖာမြို့ဟာ နောက်ဆုံးခိုလှုံရာအဖြစ် ကျန်ရှိနေပါတယ်။ စစ်ပွဲမတိုင်မီ ၂၅၀,၀၀၀ ခန့်ရှိတဲ့ မြို့နေလူဦးရေဟာ ၁ ဒသမ ၅ သန်းခန့်အထိ အဆမတန်ဖြစ်သွားရတယ်လို့ ကုလသမဂ္ဂ အေဂျင်စီအတော်များများရဲ့ အဆိုအရ သိရှိရပါတယ်။ ဒုက္ခသည်အများအပြားတို့ဟာ ဖြစ်သလိုတည်ဆောက်ထားတဲ့ တဲအိမ်များနဲ့ ကုလသမဂ္ဂက အကူအညီပေးတဲ့ အမိုးအကာမျာအောက်မှာ နေထိုင်ကြရပြီး ဆိုးရွားတဲ့ နေရာထိုင်ခင်း သောက်သုံးရေ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုတို့နဲ့ အခက်တွေ့နေကြပါတယ်။

ရာဖာဟာ အီဂျစ်နယ်စပ်တစ်လျှောက်နဲ့ ကပ်လျက်တည်ရှိပြီး ဂါဇာကမ်းမြောင်အတွင်း တစ်စိတ်တစ်ပိုင်း ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသော အကောင်းအတိုင်း ကျန်ရှိနေသေးတဲ့ နယ်စပ်ဂိတ်နဲ့ ဆက်စပ်နေပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် မကြာသေးမီက အီဂျစ်ဟာသူ့နယ်မြေတွင်းအတွင်း ဂါဇာနေသူများ အစု လိုက်အပြုံလိုက် ပြောင်းရွှေ့လာမှာကို စိုးရိမ်ပြီး နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

အစ္စရေးတို့ မြေပြင်ထိုးစစ်ဆင်၀င်ရောက်ပြီးဖြစ်တဲ့ ကမ်းမြှောင်ဒေသမြောက်ပိုင်းရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အစီအစဉ်အသေးစိတ်ကို ယခုအချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပါဘူး၊ အဲ့ဒီလို ဘေးကင်းဇုန်များကို ဘယ်လိုနေရာမှာ တည်ရှိလိမ့်မယ်၊ ဘေးကင်းလုံခြုံကြောင်း ဘယ်လို အာမခံချက် ပေးမယ်ဆိုခြင်းအပါအ၀င် အဲ့ဒီနေရာတွေဟာ ဒုက္ခသည် ထောင်သောင်းချီပြီး လက်ခံလောက်အောင် သင့်လျော်မှု ရှိ-မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစ္စရေးက ဟားမတ်စ်တို့အပေါ် စစ်ပွဲစတင်ချိန်နောက်ပိုင်း ဂါဇာကမ်း မြောင်ဒေသရှိ အဆောက်အအုံအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ ပျက်စီးသွားခဲ့ကြောင်း ကုလသမဂ္ဂ ကောင်းကင်ဂြိုလ်တုဆိုင်ရာဗဟိုဌာန UNOSAT က ခန့်မှန်းထားပါတယ်။ ဂါဇာရဲ့ မြောက်ဘက်အလယ်ပိုင်းနဲ့ တောင်ဘက် ခပ်ကျကျ ခန်ယူနွတ် အုပ်ချုပ်မှုနယ်မြေအတွင်း ပျက်စီးဆုံးရှုံးမှုများဟာ သိသိသာသာ တိုးမြင့်လာတယ်လို့ ဆိုပါတယ်။

နယူးယောက်စီးတီးတက္ကသိုလ်နဲ့ အော်ရီဂွန်ပြည်နယ်တက္ကသိုလ်တို့က ပူးပေါင်းပြုလုပ်တဲ့ နောက်ထပ်လေ့လာမှုတစ်ခုကတော့ ဂါဇာကမ်းမြောင်ရှိ အဆောက်အအုံအားလုံးရဲ့ ထက်ဝက်ကျော်ဟာ ပျက်စီးသွားပြီလို့ ခန့်မှန်းထားပါတယ်။

ရာဖာမှာ ခိုလှုံနေတဲ့ လူတစ်သန်းကျော်တို့ရဲ့ ဘေးကင်းရေးနဲ့ ထောက်ပံ့ရေး အကောင်ထည်ဖော်မှုအတွက် ယုံကြည်လောက်ဖွယ် အစီအစဉ်မရှိဘဲ စစ်မက်ရေးရာ စစ်ဆင်ရေးမျိုးကို လုပ်ဆောင်ဖို့ မသင့်လျော်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နေတန်ယာဟုကို ပြောခဲ့ဖူးပါတယ်။

ရာဖာထိုးစစ်နဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်များအပေါ် စိုးရိမ်မိကြောင်း တနင်္လာနေ့မှာ ထပ်မံဖော်ပြပါတယ်။အဲဒီမှာ လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပြီး အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွေကြောင့် မြောက်ဘက်ပြေးလိုက် တောင်ဘက်ပြေးလိုက် ပြေးနေကြရသူတွေဟာ လောလောဆယ် ရာဖာမှာ စုပြုံ ပိတ်မိနေကြကြောင်း၊ အကာအကွယ်မဲ့ ဖြစ်နေကြပြီး ထိခိုက်လွယ်ကူကြောင်း အမေရိကန်သမ္မတက သတိပေးပါတယ်။

ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းရေး အစ္စရေးရဲ့ လှုပ်ရှားမှုမှာ အမေရိကန်က ထောက်ခံကူညီပေးနေပေမယ် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် လွန်ခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးရဲ့ အရမ်းကာရော ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထောက်ပံ့မှု ဆုံးရှုံးရဖွယ်ရှိကြောင်း ဒီဇင်ဘာလတုန်းက သတိပေးခဲ့ဖူးပါတယ်။

ရာဖာမြို့အပေါ် အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဆင်မှုဟာ လက်ရှိ ကျင်းပနေဲ့ ဓားစာခံများ လွတ်မြောက်ရေး စေ့စပ် ညှိနှိုင်းမှုများကို တစ်စစီပျက်စီးစေလိမ့်မယ် ဟားမတ်စ်အကြီးတန်းပုဂ္ဂိုလ်တစ်ဦးက သီတင်းပတ်ကုန်မှာ သတိပေးခဲ့ပါတယ်။

အဲဒီအတောအတွင်း ဂါဇာကမ်းမြောင်ဒေသမှ ဓားစာခံကိစ္စနဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အတွက် အီဂျစ်၊ အမေရိကန်၊ ကာတာဝန်ကြီးချုပ် မိုဟာမက်ဘင်အဗ္ဗဒူလာမန်ထာနီတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အစ္စရေး ထောက်လှမ်းရေးအကြီးအကဲ ဒေးဗစ်ဘာနီယာဟာ အင်္ဂါနေ့မှာ ကိုင်ရိုမြို့ကို ရောက်ရှိလာမှာဖြစ်ကြောင်း သိရှိရပါတယ်။ ကာတာနိုင်ငံဟာ ယခင် ဂါဇာကမ်းမြောင် အပစ်အခတ် ရပ်စဲရေးမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသူဖြစ်ပါတယ်။

အောက်တိုဘာလ ၇ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်စစ်သွေးကြွတို့ ဖမ်းဆီးသွားသူ ၂၅၃-ဦး ရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးမှ ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ ဓားစာခံများအနက် ၁၁၂ ဦး လွတ်မြောက်လာခဲ့ပြီးပါပြီ၊ ၁၃၀-ဦးခန့်အတွက် အကြောင်းအကျိုး မသိရှိရသေးပါဘူး။ အဲဒီအထဲက အယောက် ၃၀ လောက် သေဆုံးတယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

(နေတန်ယာဟုရဲ့ လက်ရှိအစ္စရေးညွန့်ပေါင်းအစိုးရဟာ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံပေါ်ပေါက်လာပြီးနောက် ၃၇ ခုမြောက် အစိုးရဖြစ်ပါတယ်။ ဂျူးတို့က ချစ်စနိုးနဲ့ “ဘီဘီ” လို့ ခေါ်ဆိုကြတဲ့ ဘင်ဂျမင်နေတန်ယာဟုဟာ အစ္စရေးနိုင်ငံထူထောင်ပြီးမှ ပြည်တွင်းမှာမွေးဖွားသူ ပထမဆုံး၀န်ကြီးချုပ်ဖြစ်ပြီး ယခု အသက် ၇၄နှစ်ရှိပါပြီ။ ၀န်ကြီးချုပ်အဖြစ် ၃ ကြိမ် စုစုပေါင်း ၁၆ နှစ်တာ၀န်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

အစ္စရေးဟာ သူ့နိုင်ငံလူဦးရေထက် အဆပေါင်းများစွာ ပိုမိုတဲ့ ရန်ဘက်နိုင်ငံများအပေါ် အကြိမ်ကြိမ်အနိုင်ယူခြင်းဖြင့် ကမ္ဘာ့အလယ်မှာ ထင်ရှားပါတယ်။ အစ္စရေးရဲ့ အာဏာရရောအတိုက်အခံနိုင်ငံရေးပါတီအားလုံးဟာ လက်ယာယိမ်း အမျိုးသားရေးဝါဒီများဖြစ်နေကြပါတယ်။ အစိုးရအဖွဲ့ဘယ်လိုပဲ ပြောင်းလဲသည့်တိုင် အစ္စရေးရဲ့ နိုင်ငံရေးအယူအဆဟာ ပါလက်စတိုင်းဒေသဟာ ဂျူးတို့ရဲ့ ဇာတိမြေအဖြစ် ယုံကြည်ကျင့်သုံးတဲ့ ဇီယွန်ဝါဒသာ ဖြစ်ပါတယ်။

နိုင်ငံသားတစ်ဦးချင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒပြကန့်ကွက်ခွင့်စသဖြင့် ဒီမိုကရေစီအခွင့်အရေး ရရှိပေမယ့် တာ၀န်ယူ တာ၀န်ခံမှု အလွန်တင်းကြပ်ပါတယ်။ အခြေခံဥပဒေအရ အစိုးရနဲ့ လွှတ်တော်အကြား အပြန်လှန်ထိန်းကျောင်းမှု အလွန်ကြီးမားပါတယ်။ အဲ့ဒါကြောင့် ၀န်ကြီးချုပ်တစ်ဦးဟာ အယုံအကြည်မရှိအဆို တင်သွင်းခံရဖို့ အလွန်နီးစပ်ပါတယ်။ ဒါပေမဲ့ စစ်ရေးတင်းမာမှု အမြဲတန်းရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်တဲ့ အတွက် လွှတ်တော်အတွင်း အဆိုမဲခွဲရာမှာ ကန့်သတ်မှုများရှိနေပါတယ်။ လျှို့ဝှက်မဲပေးစနစ်အရ ရွေး ကောက် ခံအမတ် ၁၂၀ ဦးပါ “နက်ဆက်” လွှတ်တော်ဟာ အစိုးရအပေါ် ထိန်းကျောင်းပါတယ်။ သက်တမ်း ၄ နှစ်ရှိ လွှတ်တော်ဟာ ရွေးကောက်ပွဲအသစ် ကျင်းပရန် ဆုံးဖြတ်နိုင်ပြီး ရွေးကောက်ပွဲ မရှိပဲလည်း အစိုးရတစ်ရပ်ကို ပြောင်းလဲနိုင်ပါ တယ်။ အဲဒီစနစ်ဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးတစ်နိုင်ငံတည်းသာရှိတယ်လို့ ပြောနိုင်ပါတယ်။ ။ သတင်း ဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။)

(Deutsche Welle.,14 Feb 2024,” Why is Israel planning a Rafah offensive and what would it mean?” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ ဆုတ်ခွာခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်အပါအဝင် ၃၃၀ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved