အမေရိကန်နိုင်ငံတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁)ဦးသေဆုံးကာ အခြားလူ(၂၁)ဦးထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - ဖေဖော်ဝါရီ ၁၅
အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ် ကန်းဆက်စီးတီးမြို့တွင် ဖေဖော်ဝါရီလ (၁၄) ရက်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁)ဦးသေဆုံးကာ အခြားလူ (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
NFL ချန်ပီယံ Kansas City Chiefs ၏ Super Bowl ဘောလုံးအားကစားနိုင်ပွဲကို ပရိသတ်များစုဝေးကာ အောင်ပွဲခံနေချိန်တွင် ယခုကဲ့သို့ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး လူသုံးဦးကို ဖမ်းဆီးခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ကန်းဆက်စီးတီးမြို့ရဲချုပ် စတေစီဂရေ့ဗ်က ပြောကြားခဲ့သည်။ သေနတ်ပစ်ခတ်မှု ဖြစ်ပွားရသည်သည့်အချက်ကို လက်ရှိအချိန်အထိ စုံစမ်းစစ်ဆေးသူများက မသိရှိရသေးကြောင်း စတေစီဂရေ့ဗ်ကပြောကြားခဲ့သည်။
အဆိုပါပစ်ခတ်မှုအတွင်း အနည်းဆုံးလူ(၂၂)ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ၎င်းတို့အနက်မှ (၁)ဦးသည် သေဆုံးသွားခဲ့ကြောင်း မီးသတ်ဌာန အကြီးအကဲ ရော့စ်ဂရန်ဒိုင်ဆန်က ပြောကြားခဲ့သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများအနက် (၁၅)ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ စတေစီဂရေ့ဗ်က "ဒီပစ်ခတ်မှုမှာ အချို့ပရိသတ်တွေပါဝင်တယ်ဆိုတဲ့ သတင်းကိုလည်း ကျွန်မရရှိထားပါတယ်။ သံသယရှိသူတွေထဲကတော့ အနည်းဆုံးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်သုံးသပ်မှုတွေလုပ်ဆောင်နေပါတယ်"ဟုပြောဆိုခဲ့သည်။
အဆိုပါအောင်ပွဲခံပွဲသို့ တက်ရောက်ခဲ့ကြသည့် ကစားသမားများ၊ နည်းပြများနှင့်ဝန်ထမ်းများအားလုံး ဘေးကင်းကြောင်း National Football League အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နိုင်ငံတွင် ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၃) ဦးကို နိုင်ငံတော်စရိတ်ဖြင့် ပြန်လည်ခေါ်ဆောင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ