Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်သုံးဆီပြဿနာကြောင့် ဆန်သယ်ယူပို့ဆောင်ရေးနှင့် ဆန်စက်များတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ယွန်း (NSS) - ဖေဖော်ဝါရီလ - ၁၄ 

    စိုးရိမ်စရာအခြေအနေတွင်ရှိနေသည့် စက်သုံး ဆီပြဿနာကြောင့် ဆန်သယ်ယူပို့ဆောင်ရေးနှင့် ဆန်စက်များတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ထံမှ သိရသည်။

    မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက(၁၅)သန်းနှင့် နွေစပါးစိုက်ဧက(၂)သန်း နှစ်စဉ် စုစုပေါင်း စိုက် ဧကမှာ (၁၇) သန်းအထိရှိပြီး ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်နှင့် စစ်ကိုင်းတို့တွင် စိုက်ဧက အများဆုံးဖြစ် ကြောင်း သိရသည်။

အဆိုပါ ဒေသများသည် ပုံမှန်အတိုင်း ဆန်ထွက် ရှိနေသော်လည်း ဒေသတစ်ခုနှင့် တစ်ခု ဆန်သယ်ယူ ပို့ဆောင်ရေးတွင် ဒီဇယ်စက်သုံးဆီပြဿနာကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် အခက် အခဲများရှိနေကြောင်း သိရသည်။

   “ဧရာဝတီတိုင်းကမြို့တွေ မြောင်းမြတို့၊ ဖျာပုံတို့ အစရှိသဖြင့်ပေါ့။ ရေလမ်းပေါက်တဲ့ မြို့တွေဖြစ်တဲ့ ပခုက္ကူတို့ နောက်ဆုံးဗန်းမော်အထိသွားတယ်။ ပဲခူး တိုင်းမှာဆို ပြည်တို့ဘာတို့အထိ အပေါ်တက်တယ်။ ဟင်္သာတဆိုလည်း အပေါ်တက်တာပဲ။ ဘာအခက် အခဲမှမရှိဘူး။ သွားလို့ရတယ်။ ဒါပေမဲ့ ပြဿနာက တစ်ခါတလေကျရင် စက်သုံးဆီနဲ့ပတ်သက်တဲ့ ဟာမျိုးပေါ့။ အထူးသဖြင့် ဒီဇယ်စက်သုံးဆီ ပြဿနာ တွေ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ အခက်အ ခဲရှိတယ်” ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။

စက်သုံးဆီအခက်အခဲကို သယ်ယူပို့‌ဆောင်ရေး တွင်သာမက ပြည်တွင်းရှိ ဆန်စက်များ၌လည်း ရင်ဆိုင်နေရပြီး လျှပ်စစ်မီးပုံမှန်မရရှိမှုကြောင့် ပြီးခဲ့ သည့် ၂၀၂၃ ခုနှစ်မှစ၍ ဆန်စက်အချို့၌ ဒီဇယ်နှင့် ပေါင်းစပ်လုပ်ကိုင်ရသည့် စပါးခွံမှလျှပ်စစ်ထုတ်ယူ သည့် နည်းလမ်းကို အသုံးပြုလာခဲ့ကြောင်း သိရသည်။

“ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးရရှိမှုအရ မနှစ်က လောက်ကတည်းက ဆန်စက်တော်တော်များများက စပါးခွံကနေ လျှပ်စစ်ထုတ်ပြီး လည်တာရှိတယ်။ စပါး ခွံကနေ လျှပ်စစ်ထုတ်ရင်လည်း ဒီဇယ်နဲ့ တစ်ဝက်စီ လုပ်ရတယ်။ ဒီဇယ်သုံးရတယ်။ နောက် တစ်ခုက ရိတ်သိမ်းခြွေလှေ့စက်ဆိုရင် (၂၀၂၁)၊ (၂၀၂၂)က တစ်ဧကကို (၆၀ဝဝဝ) လောက်ပဲပေးရတာ အခုဆို ရင် တချို့နေရာမှာ (၁ သိန်း)၊ (၁သိန်းခွဲ)လောက်ထိ ပေးရတယ်။ စရိတ်တွေအကုန်တက်တယ်။ ပြီးခဲ့တဲ့ တစ်လလောက်ကဆို ဒီဇယ်ဝယ်ဖို့ တော်တော် အခက်အခဲဖြစ်သွားတယ်။ အခုရက်ပိုင်းမှာတော့ ငြိမ်နေတယ်။ အဲဒါတောင် စိုးရိမ်စရာကောင်းတယ်။ စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်”ဟု ဦးရဲမင်း အောင်က ဆက်လက်ပြောသည်။


ထို့ပြင် လယ်ယာထွက်ကုန်တင်ပို့ခြင်းမှ ရသည့် ပို့ကုန်ရငွေ (၇၀)ရာခိုင်းနှုန်းကို စက်သုံးဆီများဖြစ် သည့် ဒီဇယ် နှင့် ပရီမီယံဒီဇယ် ဝယ်ယူခြင်းအတွက် သာ အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) က ပြီးခဲ့သည့် လပိုင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပြည်တွင်း၌ စက် သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပြီး ပြည်ပမှတင်သွင်း နေသည့် စားသုံးဆီနှင့် စက်သုံးဆီများအတွက် လိုအပ်သည့်နိုင်ငံခြားငွေကို အတိုင်းအတာတစ်ခု အထိ ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းဖြင့် ခွင့်ပြုပေးနေ ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီ များကို စင်ကာပူနိုင်ငံမှ အဓိကတင်သွင်း ဖြန့်ချိ လျက်ရှိပြီး ဈေးနှုန်းများကို အဆိုပါနိုင်ငံ၏ ဈေးနှုန်း နှင့် ဒေါ်လာ လဲလှယ်နှုန်းကို အခြေခံကာ တွက်ချက် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

   ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စက်များ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြီးခဲ့သည့်လပိုင်းက စက်သုံးဆီဂါလန် တစ်သိန်းခန့်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲဆီထုတ်လုပ်ရောင်းချရမှု ထက်ဝက်ခန့်ကျဆင်းလာ

RECENT POSTS
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved